ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသား ၁၇၀ ခန့် လွှတ်ပေးဖို့ တောင်းဆို


2015.07.15
political-prisoner-620.jpg သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လာကြိုသူများနဲ့အတူ တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

နိုင်ငံရေးအကျဉ်းသားတွေ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် လွတ်မြောက်လာရေး အတွက် ဝိုင်းဝန်းကြိုးစားပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေထံ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က စာပေးပို့တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးပါတီအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေထံကို ဒီနေ့ ပေးပို့ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ဦးက ပြောပါတယ်။

"နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ပို့တာပါ၊ ကျနော်တို့ ပို့တဲ့ထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလည်း ပါတယ်၊ ရွေးကောက်ပွဲမှာအရွေးခံမယ့် ပါတီတွေ၊ ကိုယ်စားလှယ်တွေအနေ နဲ့ ပြည်သူလူထု ရဲ့မဲရယူဖို့အတွက် ပြည်သူလူထုလိုလားနေတဲ့ အချက်တွေကိုလုပ်ဖို့ သူတို့မှာ ဆန္ဒရှိပါလိမ့် မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆိုတာက ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းအရေးဆောင် ရွက်နေတဲ့ အဖွဲ့တွင် မကဘူး၊ ပြည်သူတစ်ရပ်လုံးကပါ လိုလားနေတဲ့ ကိစ္စတွေဖြစ်ပါတယ်၊ ပြည်သူတွေလိုလားနေ တဲ့ ကိစ္စကို ဆောင်ရွက်ပေးဖို့ သူတို့မှာလည်း ဆန္ဒရှိလိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်"

လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၆၉ ဦးရှိနေပြီး နိုင်ငံရေးအရ တရားစွဲဆိုခံနေရသူပေါင်း ၄၅၀ ကျော်တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က သမ္မတထံကိုလည်း မေတ္တာ ရပ်ခံစာကို ဇူလိုင်လ ၆ ရက်နေ့ ကလည်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။