နိုင်ငံရေးအကျဉ်းသားတချို့ သုံးရက်ကြာ အစာငတ်ခံဆန္ဒပြမည်

2022.02.12
နိုင်ငံရေးအကျဉ်းသားတချို့ သုံးရက်ကြာ အစာငတ်ခံဆန္ဒပြမည် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် အဝင်ဝကို ၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန် အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတချို့ဟာ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ကနေ ၁၄ ရက်နေ့အထိ သုံးရက်ကြာ အစာငတ်ခံဆန္ဒပြမယ့်အကြောင်း စစ်အာ ဏာရှင်စနစ် တိုက်ဖျက်ရေးအဖွဲ့တွေထံ စာနဲ့အကြောင်းကြားလိုက်ပါတယ်။

မိမိကိုယ်မိမိ အစာအာဟာရဖြတ်ပြီး အစာအငတ်ခံ ဆန္ဒပြသွားမယ့်အကြောင်း ဖေဖော်ဝါ ရီလ ၁၁ ရက်နေ့မှာ စာနဲ့အကြာင်းကြားလာတာဖြစ်ပြီး ဆန္ဒပြသူ အရေအတွက်ကိုတော့ လုံခြုံရေးအရ မဖော်ပြတော့ဘူးလို့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး မင်္ဂလာတောင်ညွန့် မြို့နယ် အထွေထွေ သပိတ်ကော်မတီ MGTN GSC က ကိုမိုးသောက်က RFA ကို ပြောပါ တယ်။

စစ်အုပ်စုနဲ့ စကားပြောဆိုဆွေးနွေးညှိနှိုင်းတာ မလုပ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ မတရားမှု တွေကို တုံ့ပြန်တဲ့အနေနဲ့ အခုလို အစာငတ်ခံဆန္ဒပြတာလို့ ထောင်တွင်းက အကြောင်း ကြားစာမှာ ပါရှိပါတယ်။

အဲဒီစာမှာ အစာအငတ်ခံဆန္ဒပြသူတွေကို ပြည်သူလူထုအနေနဲ့ အားပေးဝန်းရံပေးကြဖို့နဲ့ ဒီမိုကရက်တစ် လူ့ဘောင်သစ်တစ်ခုအတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်း တောင်းဆိုထားတယ်လို့ ကိုမိုးသောက်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးယုံကြည်ချက်နဲ့ အကျဉ်းကျနေသူတွေဟာ ၂ဝ၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့ကလည်း ထောင်တွင်းဆန္ဒပြခဲ့ ကြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁ဝ ရက်နေ့ကလည်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီ သပိတ်မှာ ပါဝင်ခဲ့လို့ဆိုပြီး ဗကသကျောင်းသား ကိုဝေယံဖြိုးမိုးဟာ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ရိုက်နှက်ညှဉ်းပန်းခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အနေနဲ့လည်း အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၁၅ဝ နီးပါးဟာ လေးရက်ကြာ ထောင်ထမင်းဟင်းမစားဘဲ ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။