စစ်ဘေးသင့်နေတဲ့ မြန်မာနိုင်ငံကို မေ့မထားဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

2022.10.14
စစ်ဘေးသင့်နေတဲ့ မြန်မာနိုင်ငံကို မေ့မထားဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ပုပ်ရဟန်းမင်းကြီး Francis ဗာတီကန် စိန့်ပီတာရင်ပြင်မှာ မိန့်ခွန်းပြောကြားစဉ်။
Photo: ANDREAS SOLARO / AFP

စစ်ဘေးသင့်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက မေ့မထားဖို့ ပုပ်ရဟန်းမင်းကြီး Francis က တောင်းဆိုတယ်လို့ ခရစ်ယာန်ဘာသာရေး သတင်းအေဂျင်စီ UCA NEWS က အောက်တိုဘာ ၁၄ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။

ကမ္ဘာမှာ အမေ့လျော့ခံစစ်ပွဲတွေအကြောင်းကို ပုပ်ရဟန်းမင်းကြီး Francis က အောက်တိုဘာ ၁၃ ရက်နေ့က ပြောကြားခဲ့ရာမှာ ဆီးရီးယား၊ ယီမင်၊ အာဖရိကနဲ့ မြန်မာနိုင်ငံတွေအကြောင်းကို ထည့်သွင်းပြောဆိုခဲ့တာပါ။

အမေ့လျော့ခံစစ်ပွဲတွေနဲ့ သူတို့ကို အခုလိုမေ့ထားတာ ရှက်စရာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ စစ်ကောင်စီ ခေါင်းဆောင်တွေကို အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး၊ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးညှိနှိုင်းကြဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆိုးရွားတယ်ဆိုတဲ့ အခြေအနေကနေ အဆိုးဆုံး၊ ကြောက်စရာအကောင်းဆုံးအခြေအနေကို ရောက်နေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews ကလည်း သတိပေးပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေဟာ ကမ္ဘာကြီးရဲ့ အမေ့လျော့ခံ ဒါမှမဟုတ် ကမ္ဘာကြီးက ဂရုမစိုက်တော့တဲ့အခြေအနေကို ရောက်နေပြီလို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို Tom Andrews က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။