အပစ်ရပ်အဖွဲ့တွေကြား ဘုံသဘောထားရပ်တည်ချက် ချမှတ်ဖို့ လိုနေပြီလို့ KNU ပြော


2018.10.10
ppst-meeting-622.JPG RCSS/SSA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တို့ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ရစဉ်
Photo: Aung Moe Myint/RFA

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဘုံသဘောထားရပ်တည်ချက် ချမှတ်ဖို့ မဖြစ်မနေလိုအပ်နေပြီလို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဒီနေ့ ပြောလိုက်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ပုပ္ပားဆွေးနွေးပွဲကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရာက်မလား ငြင်းပယ်မလားဆိုတာကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ဆွေးနွေးရာမှာ အဖွဲ့ခေါင်းဆောင် စောမူတူးစေးဖိုးက ပြောကြားခဲ့တာဖြစ်ပါတယ်။

အပစ်ရပ်လက်မှတ် ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ NCA လမ်းကြောင်းကနေ သွေဖယ်သွားလို့ မရကြောင်းလည်း စောမူတူးစေးဖိုးက ပြောခဲ့ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU ကတော့ ပုပ္ပားဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို ပြန်လည်ညှိနှိုင်းလိုကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။