ပညာရေးဥပဒေပြုပြင်ရေး လေး ပွင့်ဆိုင်ဆွေးနွေးပွဲ ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်း


2015.02.03
students-press-305.JPG နေပြည်တော်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဆွေးနွေးပွဲပျက်သွားပြီးနောက် သပိတ်မှောက်ကျောင်းသားတွေ သတင်းစာရှင်းလင်းနေစဉ်
Photo: Myo Thant Khaing/RFA

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် နေပြည်တော်မှာ ဒီနေ့ဆွေးနွေးဖို့ ပြင်ဆင် ခဲ့ပေမဲ့ နိုင်ငံတော်သမ္မတက ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီလ ၁၂ ရက်နေ့ နောက်ပိုင်းမှ ဆွေးနွေးပွဲပြန် လည်စတင်ဖို့ သမ္မတက ညွှန်ကြားလိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ နေပြည်တော် ပညာရေး ဝန်ကြီးဌာနရုံးမှာ ပြောပါတယ်။

ဒီလ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ သပိတ်မှောက် ကျောင်းသူကျောင်း သား ကိုယ်စားလှယ်တွေနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကိုယ်စား လှယ်တွေ ၄ ပွင့်ဆိုင်ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှု မပြီးပြတ်ခဲ့တဲ့အတွက် ဒီနေ့ နေပြည်တော်မှာ ဆက် လက်ဆွေးနွေးဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်ဆိုတာ မသိရှိရသေးပါဘူး။

လေးပွင့်ဆိုင်တေ့ွဆုံဆွေးနွေးပွဲ မအောင်မြင်တာကြောင့် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ အထက်အညာဒေသမှာ လမ်းလျှောက်ဆန္ဒပြနေကြသူ ကျောင်းသူ ကျောင်းသားတွေအပြင် ထားဝယ်၊ ဧရာဝတီနဲ့ မကွေးမြို့က ကျောင်းသား ကျောင်းသူတွေကလည်း ရန်ကုန်မြို့ကို ချီတက်ဆန္ဒပြကြမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ခေါင်းဆောင် ဒေါက်တာ သိန်းလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးပွဲကို ရက်ရွှွှေဆိုင်းလိုက်တဲ့အပေါ် အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။