နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကြေညာချက် ထုတ်ပြန်
2016.03.30

Photo:Myo Thant Khaing/RFA
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မတ်လ ၃ဝ ရက်နေ့မှာ သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် ကြေညာ ချက် ၄ ခုကို ပထမဆုံး လက်မှတ်ရေးထိုးလိုက်ပါတယ်။
အဲဒီကြေညာချက်တွေကတော့ ပြည်ထောင်စုအစိုးရဖွဲ့စည်းခြင်း၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းခြင်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကောက် မရှင်ဖွဲ့စည်းခြင်း ကြေညာချက်တွေဖြစ်ပါတယ်။
ဒါ့အပြင် တစ်ရက်တည်းမှာပဲ အမိန့် ၇ ခု ထုတ်ခဲ့ရာမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်းနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း အမိန့်တွေပါဝင်ပါတယ်။