ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကတိပြု ချက်တွေ လက်မှတ်ရေးထိုး


2015.02.12
utheinsein-ethnic-leaders-305.jpg သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စုနေ့ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့က ခေါင်းဆောင်တွေ နဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Myo Thant Khaing/RFA

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင် စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ တည်ဆောက်ဖို့ိ ဆိုတာတွေပါဝင်တဲ့ ကတိပြုချက် ၅ ချက်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ဒီနေ့ လက်မှတ်ရေးထိုးလိုက် ပါတယ်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးနိုင်သေးပေမဲ့ အခုလို လက်မှတ်ရေး ထိုးနိုင်တာဟာ ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဌတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့က ခေါင်းဆောင်တွေအပြင် တပ်မတော်ကိုယ်စားပြု ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီကတိပြုချက် ၅ ချက်ထဲမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို အမြန်ဆုံးလက်မှတ်ရေး ထိုးနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပနိုင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

တက်ရောက်ခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့ထဲက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့တွေက ဆွေးနွေးပွဲကိုတက်ရောက်ပေမဲ့ သဘောတူလက်မှတ်ရေးထိုးခြင်းမရှိပါဘူး။

ဒီနေ့ ပြည်ထောင်စုနေ့နဲ့ တိုက်ဆိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို နိုင်ငံတော်သမ္မတကတွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် ၅ ချက်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။