နိုင်ငံတော်သမ္မတနဲ့ တရားသူကြီးတွေ ဆွေးနွေး


2018.04.12
president-meets-chief-justice-622.jpg နေပြည်တော် သမ္မတအိမ်တော်မှာ ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က နိုင်ငံံတော်သမ္မတနဲ့ တရားသူကြီးတွေ တွေ့ဆုံဆွေးနွေးစဉ်
Photo: Myanmar President Office

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရေးအတွက် ဘယ်လိုကြပ်မတ်သွာမလဲဆိုတာကို စဉ်းစားဆောင်ရွက်ဖို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပါတယ်။

မနေ့က နေပြည်တော် သမ္မတအိမ်တော်မှာ နိုင်ငံံတော်သမ္မတနဲ့ တရားသူကြီးတွေ တွေ့ဆုံဆွေးနွေးရာမှာ ပြောကြားခဲ့တာလို့ မနေ့က ဧပြီလ ၁၁ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

အဂတိလိုက်စားမှု ကင်းရှင်းပြီး တရားဥပဒေစိုးမိုးရေးရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာပြီး တိုင်းပြည်စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့လည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် တရားစီရင်ရေး အဆင့်တွေအထိ တာဝန်ယူမှု တာဝန်ခံမှုစနစ်နဲ့ ဆင့်ကဲကြပ်မတ်သွားရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တရားရေးဆိုင်ရာ ဝန်ထမ်းတွေ ရွှေ့ပြောင်းမှုနဲ့ ရာထူးတိုးမြှင့်တဲ့ ကိစ္စတွေမှာ အမှန်တကယ် အရည်အချင်းရှိသူတွေနဲ့ တရားရေးမဏ္ဍိုင်ကို မှန်ကန်စွာ အထောက်အပံ့ပြု တည့်မတ်နိုင်သူတွေကိုသာ ဦးစားပေးခန့်ထားဖို့ကိုလည်း ပြောကြားပါတယ်။

အဲဒီတွေ့ဆုံပွဲကို သမ္မတ ဦးဝင်းမြင့်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေဖြစ်တဲ့ ဦးသာဌေး၊ ဦးမြသိမ်း၊ ဦးမြင့်အောင် စတဲ့ တရားသူကြီး ၈ ဦးတက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။