စိန်ခေါ်မှုတွေကို အစိုးရနဲ့အတူ တိုင်းရင်းသားအားလုံး ပူးပေါင်ဖြေရှင်းကြဖို့ သမ္မတ တိုက်တွန်း
2018.11.07
ငြိမ်းချမ်းရေးလုပ်ငန်းမှာ တေ့ွကြုံရမယ့် အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို အစိုးရနဲ့အတူ တိုင်းရင်းသားတွေအားလုံး ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ကရင်ပြည်နယ်နေ့အတွက် သမ္မတက ပေးပို့တဲ့ သဝဏ်လွှာမှာ အရင်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ကရင်ပြည်နယ်မှာ အခုဆိုရင် သေနတ်သံတွေ တိတ်သလောက်ဖြစ်နေ ပြီလို့လည်း ပါရှိပါတယ်။
ကရင်ပြည်နယ်က တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ လက်နက်ကိုင်အဖဲ့ွအစည်းအားလုံးက အစိုးရဦးဆောင် မှုနဲ့အတူ ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ ဆုံးဖြတ်လက်တွဲမှုနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေးနဲ့ ဖံ့ွဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်ကို ကရင်ပြည်သူတွေ ခံစားနေရပြီလို့ သမ္မတက ပြောထားပါတယ်။
ဒါ့အပြင် ရေရှည်မှာလည်း ဖံ့ွဖြိုးတိုးတက်တဲ့ ကရင်ပြည်နယ်ကြီး ဖြစ်ပေါ်လာစေဖို့အတွက် လက်တွဲကြိုးပမ်း အကောင်အထည်ဖော်ကြဖို့ ဦးဝင်းမြင့်က တိုက်တွန်းခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။