သမ္မတဦးသိန်းစိန် မဲဆွယ်စည်းရုံးမှု မရှိကြောင်း သမ္မတရုံးအရာရှိ တုန့်ပြန်
2015.11.06

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်တွေဟာ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအတွက်သာသွားတဲ့ ခရီးစဉ်တွေ ဖြစ် ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ မဟုတ်ဘူးလို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကိုပြောပါတယ်။
သမ္မတဦးသိန်းစိန်ဟာ သမ္မတတာဝန်နဲ့အတူ ပါတီဥက္ကဌရဲ့ လုပ်ငန်းတွေကိုပါ ဆောင်ရွက်နေတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ချိုးဖောက်နေတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံ နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ စာရေးသားတိုင်ကြားတာ နဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောလိုက်တာဖြစ်ပါတယ်။
"နိုင်ငံရေးပါတီကြီးတစ်ခုကနေ အထင်အမြင်လွဲမှားပြီးတော့ ဒီလိုတင်ပြတယ်၊ ဖွဲ့စည်းပုံအခြခံဥပဒေနဲ့ ညီ၊ မညီဆိုတာတွေ၊ မေးခွန်းထုတ်တာတွေဖြစ်လာတယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဖက် စိတ်မကောင်းဖြစ်ရတယ်၊ ကန့်သတ်ချက်တွေ၊ အခြေအနေတွေရှိတယ်ဆိုတဲ့ သမ္မတအနေနဲ့ လုပ်ငန်းစဉ်တွေပေါ့နော်၊ အချိန်ဇယားအရ၊ ပြည်တွင်းပြည်ပ ဒီလိုမျိုးချိန်ဆပြီးတော့ သွားရတာရှိပါတယ်၊ အဲ့လိုသွားတဲ့အခါမှာ အထူးသဖြင့် ကျနော်တို့ပါတီဝင်တွေက ကြိုကြ၊ နှုတ်ဆက် ကြ၊ ဒါမျိုးတွေရှိပါတယ်၊ ကြံ့ခိုင်ရေးပါတီကလည်းအလားတူပေါ့နော်၊ ပါဝင်ပါတယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့သမ္မတရဲ့လူထုနဲ့ ထိတွေ့တဲ့ အချိန်ပေါ့နော်"
ဒါ့အပြင်လည်း သမ္မတဟာ ပြည်သူ့ဘဏ္ဍာနဲ့ ပါတီမဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ စွပ်စွဲချက်တွေဟာလည်း အထင်အမြင်လွဲမှားစေတဲ့ပြောဆိုချက်တွေ သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
သမ္မတအနေနဲ့ လူထုနဲ့ တွေ့ဆုံစဉ်အတွင်း အစိုးရဘက်က ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်း ချမ်းဖြစ်ဖို့ တာဝန်ယူဆောင်ရွက်ပေး မှာ ဖြစ်သလို၊ ပြည်သူလူထုဖက်ကလည်း အေးချမ်းစွာ ပူးပေါင်းပါဝင်ကြဖို့အပြင် ရွေးကောက်ပွဲနေ့၊ ရွေးကောက်ပွဲအလွန်ကာလတွေမှာ တည်ငြိမ်အေးချမ်းရေး အတွက် အားလုံး ပူးပေါင်းပါဝင်ဖို့ကိုသာ တိုက်တွန်းခဲ့တာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
ဦးဇော်ဌေးကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင် နိုင်ပါတယ်။