လူ့အခွင့်အရေးအခြေအနေ တိုးတက်လာတယ်လို့ သမ္မတ ဦးဝင်းမြင့် ပြော
2018.12.10

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ကြိုးပမ်းမှုကြောင့် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့အသီးသီးတို့ရဲ့ ပူးပေါင်းလုပ်ဆောင်တာတွေကနေ နိုင်ငံထဲမှာ လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်လာတာကို တွေ့မြင်နိုင်ပြီလို့ နိုင်ငံတော် သမ္မတက ပြောလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၇၀ ပြည့်မြောက်တဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ဟာအပြန်အလှန် ချိတ်ဆက်လျက်ရှိနေကြောင်းလည်း သမ္မတရဲ့ သဝဏ်လွှာမှာ ဖောြ်ပထားပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ခံရရင် ဒီမိုကရေစီရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ ထိခိုက်စေနိုင်သလို ဒီမိုကရေစီရေး ချိုးဖောက်ခံရရင်လည်း လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးက နစ်နာစေနိုင်ပြီး တရားဥပဒေ စိုးမိုးရေး မရှိရင် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဆုံးရှုံးစေနိုင်တယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။