အလုပ်သမားပြဿ နာ ဖြေရှင်းရေး ဥပဒေကြမ်း သမ္မတ လက်မှတ်ထိုး


2014.10.15
master-sports-march-305 လုပ်ခလစာနဲ့ နစ်နာကြေးပေးဖို့အတွက် Master Sports ဖိနပ်စက်ရုံ အလုပ်သမား ၈၀၀ ကျော်ဟာ ဇူလိုင်လ ၁၇ ရက်နေ့က လှိုင်သာယာ စက်မှုဇုန်ကနေ ကိုရီးယားသံရုံးရှေ့ အထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုစဉ်
Photo: Sann Maw Aung/RFA

အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ မှာ တားမြစ်ချက် ဖောက်ဖျက်ကျူးလွန်သူတွေကို ငွေ ဒဏ်အပြင် ထောင်ဒဏ်ပါ အပြစ်ပေးနိုင်အောင် ထည့် သွင်းပြဌာန်းဖို့ နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်ပေးခဲ့ တာကို ပြည်ထောင်စုလွှတ်တော်က လက်မခံခဲ့ပေမယ့် အခြေခံဥပဒေကို လိုက်နာတဲ့အနေ နဲ့ နိုင်ငံတော်သမ္မတ က အဲဒီဥပဒေကို အတည်ပြုလက် မှတ်ရေးထိုး ပေးခဲ့တယ် လို့ သမ္မတရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေ ထပ် မံပေါ်ပေါက်လာခဲ့တဲ့အခါ ဒီဥပဒေကို ပြန်လည်ပြင်ဆင် ဖို့ လိုအပ်သလိုတင်ပြသွားမယ်လို့ ပြောပါတယ်။

"လက်တွေ့ဒီဥပဒေကို အကောင်အထည်ဖော်တဲ့ အခါမှာ အလုပ်ရှင်တွေဖက်က ၅သိန်းဆိုတာဘာ မှအရေးပါတာမဟုတ်ဘူး၊ နောက်မှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုကိစ္စတွေ ပေါ်ပေါက် လာရင် အလုပ်ရှင်တွေဖက်က ၅သိန်းပေး ပြီးတော့ သူတို့လုပ်ချင်ရာလုပ်သွားမှာပဲ၊ ပေါ်ပေါက်လာတဲ့အခြေအနေပေါ်မူတည်ပြီးတော့ ကျနော်တို့ ကိုယ်တိုင် ဒီဥပဒေကို ပြင်ဆင်ချက်တင်သင့်ရင် ထပ်တင်ရမှာပဲ"

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြဌာန်းထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုပြင်ဆင်တဲ့ ဥပဒေကြမ်းကို သြဂုတ်လ ၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး လက်မှတ်ရေးထိုးဖို့ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ရာ မှာ နိုင်ငံတော် သမ္မတက ငွေဒဏ်အပြင် ထောင်ဒဏ်ပါထည့်သွင်းဖို့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ကို ပြန်လည်ပေးပို့ခဲ့ပါတယ်။

ဒါပေမယ့် သမ္မတရဲ့သဘောထားကို  ပြည်ထောင်စုလွှတ်တော်က လက်မခံဘဲ မူလဥပဒေကြမ်းအတိုင်း အတည်ပြုပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတအနေနဲ့ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သမ္မတရုံးက  သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီး RFA သတင်းထောက် မရတနာဦးက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။