မြန်မာသမ္မတ တပ်ဂျ်မဟာ သွားရောက်စဉ် ခရီးသွားတွေ ပိတ်ပင်ခံရ

2020.02.29
president-winmyint-india-622.jpg မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချို တို့ကို ၂၀၂၀ ဖေဖော်ဝါရီ ၂၉ ရက်နေ့က Taj Mahal တဂျ်မဟာဗိမ္မာန်မှာ တွေ့ရစဉ်
Photo: Myanmar President Office

အိန္ဒိယနိုင်ငံကို အစိုးရဧည့်သည်အဖြစ် အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချို တို့ဟာ မနေ့က အူးတား ပရာဒက်ရှ်ပြည်နယ် အာ့ဂရားမြို့မှာရှိတဲ့ ကမ္ဘာကျော် Taj Mahal တဂျ်မဟာဗိမ္မာန်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီလို သွားရောက်ကြည့်ရှုစဉ် နေ့လည် ၁၂ နာရီကနေ ၂ နာရီအထိ တပ်ချ်မဟာကို တခြားပြည်တွင်းပြည်ပက လာရောက်သူတွေ ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့တဲ့အတွက် ခရီးသွားလုပ်ငန်းတွေ ထိခိုက်ခဲ့ရတယ်လို့ အိန္ဒိယက လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

အခုလို မြန်မာသမ္မတ လာရောက်မယ့်အတွက် တခြားသူတွေ ဝင်ရောက်ခွင့် ပိတ်ပင်ထားမယ့် အကြောင်းကို အိန္ဒိယ အာဏာပိုင်တွေက ကြိုတင်အသိပေးကြေညာ ခဲ့ခြင်း မရှိတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားအေဂျင်စီတွေက နယူးဒေလီမြို့အပါအဝင် နိုင်ငံအနှံ့အပြားက လာရောက်လည်ပတ်သူတွေကို ခေါ်ဆောင်ရောက်ရှိလာခဲ့ကြရာမှာ ဝင်ရောက်ခွင့်  ပိတ်ပင်ထားမှုကြောင့် နာရီများစွာ စောင့်ဆိုင်းခဲ့သူတွေ ရှိသလို အချိန်မရတော့တဲ့ အတွက် တချို့ခရီးသွားတွေ  ပြန်လည့်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

အာဂရာမြို့ရှိ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ရှားမားက အခုလို ကမ္ဘာ့ခေါင်းဆောင်တွေ လာရောက်တဲ့အခါ တပ်ဂျပ်မဟာကို အပြည့်မပိတ်ပဲ တခြား လာရောက်ကြည့်ရှုလိုသူတွေအတွက် တခြမ်းကို ဖွင့်ပေးထားသင့်တယ်လို့ ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။