လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး ဦးစားပေးဖို့ သမ္မတ တိုက်တွန်း


2013.08.14
president-speech-305.jpg နေပြည်တော်၊ သမ္မတနေအိမ်မှာ သြဂုတ်လ ၁၄ ရက်နေ့မနက်ကပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးအသစ်တွေ ကတိသစ္စာခံယူတဲ့ အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်
photo: President Office Website

လက်ရှိ အစိုးရရဲ့ လက်ကျန်သက်တမ်း ၂နှစ်ခွဲကာလအတွင်း  ပြည်သူတွေ လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ကြဖို့ သမ္မတ ဦးသိန်းစိန်က   တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်က သမ္မတနေအိမ်မှာ ဒီနေ့မနက် ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယန်ကြီးအသစ်တွေ ကတိသစ္စာခံယူတဲ့ အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က ခုလို တိုက်တွန်းပြောကြားလိုက်တာပါ။  အစိုးရအဖွဲ့အနေနဲ့ အလုပ်လုပ်တဲ့အခါမှာ အဂတိတရားကင်းရှင်း ဖို့ကိုလည်း သမ္မတဦးသိန်းစိန်က သတိပေးပြောကြား ခဲ့ပါတယ်။

"မိမိတို့အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း ၃ဝ အတွင်း ပြည်သူတွေ တိုက်ရိုက်အကျိုးခံစားလို တဲ့ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သွားလာမှုအဆင်ပြေစေရေး၊ အလုပ်အကိုင်ရရှိရေး ဆိုတဲ့ လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ကြဖို့နဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့်လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန်နဲ့ ဝိုင်းဝန်းပြီးလုပ်ကြဖို့ လိုအပ်ပါတယ်၊ ဒီလုပ်ငန်းတွေအောင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလက်ညီ ဝိုင်းလုပ်ကြဖို့ဖြစ်ပါ တယ်၊  တစ်ဦးချင်းတာဝန်ဆိုတာကတော့ အလုပ်လုပ်ကြတဲ့အခါမှာ စေတနာအလျောက် လုပ်မှားကိုင်မှား ဖြစ် တတ်တာရှိပါတယ်၊  စေတနာအလျောက် မှားယွင်းတာတွေကို ပြုပြင်ပေးမှာဖြစ်သော်လည်းပဲ ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်ပါတယ်"

အဲ့ဒီအခမ်းအနားမှာပြောကြားတဲ့ သမ္မတ ဦးသိန်းစိန်မိန့်ခွန်းကို ဒီနေ့ အစိုးရပိုင်မီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

တရားဥပဒေစိုးမိုးတဲ့တိုင်းပြည်၊ လူမှုစီးပွားဘ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ပြည်သူတွေ ဆန္ဒရှိနေကြောင်းနဲ့ မိမိတို့အစိုးရအနေနဲ့ အဲဒီ့ဆန္ဒတွေ အောင်မြင်အောင်ဆောင်ရွက်ဖို့ ရည်မှန်းချက်ထားဖို့လိုကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးနိုင်ခဲ့ပြီး မကြာခင်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဇူလိုင် ၂၅ရက်နေ့မှာ ဒုတိယန်ကြီး ၅ဦး၊ သြဂုတ် ၁၃ရက်နေ့မှာ ဒုတိယန်ကြီး ၃ဦးတို့ကို အသစ်ခန့်အပ် တာန်ပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။