သိမ်းဆည်းခံမြေတွေ ပြန်ပေးဖို့နှောင့်နှေးတဲ့အတွက် သမ္မတ ပြစ်တင်


2018.12.14
president-winmyint-mon-trip-622.jpg နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့စဉ်
.

ဥပဒေမဲ့သိမ်းထားတဲ့ မြေတွေကိုပြန်ပေးဖို့ အစိုးရကမူဝါဒချထားပေမယ့် တချို့ဝန်ကြီးဌာနတွေ၊ ပြည်နယ်နဲ့ တိုင်း အစိုးရတွေက ပြန်မပေးပဲထားသလို၊ ပြတ်ပြတ်သားသား ဆောင်ရွက်တာမရှိဘူးလို့  သမ္မတ ဦးဝင်းမြင့်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ မွန်ပြည်နယ်ကို ခရီးထွက်နေပြီး၊ ခရီးစဉ်အတွင်း ဌာနဆိုင်ရာပုဂ္ဂိုလ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ မြေယာကိစ္စ ကိုပြောလိုက်တာပါ။

သမ္မတကို မော်လမြိုင်၊ ပေါင်၊ သထုံ၊ ကျိုက်မရော၊ ရေး၊ မုဒုံ၊ သံဖြူဇရပ် စတဲ့မြို့နယ်တွေက တိုင်ကြားစာ ၇၅ စောင်ပေးတာကို လက်ခံခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီတိုင်ကြားစာတွေထဲမှာ စစ်တပ်ကသိမ်းထားတဲ့ မြေယာပြဿနာတွေ၊ ကျေနပ်စရာမရှိတဲ့ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်အကြောင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဌာနဆိုင်ရာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။