ရွေးကောက်ပွဲသတင်းယူခွင့် စည်းမျဉ်းကန့်သတ်ချက် စာနယ်ဇင်းသမားတွေ ဝေဖန်


2015.08.27
zawthethtwe-press-council-622.JPG မြန်မာစာနယ်ဇင်းသမဂ္ဂ MJU ဥက္ကဌ ဦးဇော်သက်ထွေး ကို တွေ့ရစဉ်
Photo: RFA

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ သတင်းယူဖို့အတွက် သတင်းမီဒီယာသမားတွေကို ခံဝန်ချက် လက်မှတ်ရေးထိုးရမယ်လို့ ထုတ်ပြန်ထားတာအပြင် မြို့နယ်အလိုက် သတင်းသမားအရေအတွက် ကန့်သတ် တာတွေဟာ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ပြောပါတယ်။ သတင်းမီဒီယာသမားတွေ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်သတ်ထားတာဟ မဖြစ်သင့်ဘူးလို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ (ယာယီ)က ဦးဇော်သက်ထွေးက ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်က အခုလို မှတ်ပုံတင်ပြီးမှ သတင်းယူရမယ် ဆိုတာကတော့ သတင်းသမားတွေ သတင်းယူခွင့်အပေါ်မှာ ကန့်သတ်လိုက်တာပဲ၊ ဒါက လွတ်လပ်ပြီး တရားမျှတမှု ဖြစ်တယ် မဖြစ်ဘူး ဆိုတဲ့အပေါ် အများကြီးသက်ရောက်မှုရှိတယ်၊ ဒီအပေါ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း အလေးအနက် စဉ်းစားဖို့ လိုအပ်မယ်လို့ ကျနော်ထင်ပါတယ်"

သတင်းရယူမယ့် သတင်းဌာနတွေအနေနဲ့ မြို့နယ်တစ်မြို့နယ်မှာ အများဆုံး ၃ ယောက်အထိသာ သတင်းယူ ခွင့်ပေးထားသလို အဲဒီအတွက် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေဆီမှာ ခွင့်ပြုချက်ယူရ မှာဖြစ်ပါတယ်။ အဲဒီသတင်းထောက်တွေဟာ ခွင့်ပြုချက်ယူထားတဲ့ မြို့နယ်မှာသာ သတင်းယူခွင့်ရှိမှာ ဖြစ်တယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က သတင်းမီဒီယာတွေကို အကြောင်းကြားထားပါတယ်။

အဲဒီညွှန်ကြားချက်တွေဟာ ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်းတွေအတွက်သာဖြစ်ပြီး ပြည်ပသတင်းဌာနတွေ အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။