လူ့အခွင့်အရေးတိုးတက်ဖို့ အာဏာရှင် အစိုးရများကို ဖိအားပေးဖို့ လိုအပ်
2011.01.25

မနှစ်က လူ့အခွင့်အရေး အခြေအနေတွေကို ကြည့်ရင် ဥဇဘက်ကစ္စတန်၊ တပ်ခ်မန်နစ္စတန်နဲ့ အာဖရိကတိုက်က အာဏာရှင် နိုင်ငံတွေအပေါ် အနောက်နိုင်ငံတွေရဲ့ ပျော့ပျောင်းတဲ့ ဆက်ဆံရေးမူဝါဒဟာ သက်ဆိုင်ရာ အစိုးရ တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မတားဆီးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး HRW ရဲ့ မူဝါဒရေးရာ ညွန်ကြားရေးမှူး Tom Malinowski က RFA ကို အခုလို ပြောပါတယ်။
လူ့အခွင့်အရေး အခြအနေကို ပြောမယ်ဆိုရင် တချို့နိုင်ငံတွေက တိုးတက်လာပေမဲ့ တချို့နိုင်ငံတွေက မတိုးတက်ပါဘူး။ မြန်မာနိုင်ငံက အခြေအနေဆိုရင် ရေဒီယို သောတရှင်တွေက ပိုပြီးတောင်သိနေမှာပါ။ စစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်အတွက် အထောက်အကူ မဖြစ်ခဲ့ပါဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပေမဲ့ အဓိက အပြောင်းအလဲ ဖြစ်လာဖို့ စစ်အစိုးရက ဆက်လက် လုပ်ဆောင်တာ မတွေ့ရပါဘူးလို့ သူက ပြောသွားပါတယ်။
လူ့အခွင့်အရေး မြှင့်တင်ရေး အနောက်နိုင်ငံတွေရဲ့ကြိုးပမ်းချက် အထူးသဖြင့် ဥရောပသမဂ္ဂရဲ့ အခန်းကဏ္ဍမှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်ဆိုတာ ဒီနှစ် အစီရင်ခံစာက အဓိကေ ထာက်ပြထားပါတယ်လို့ Tom Malinowski က ဆိုပါတယ်။
HRW ရဲ့ ၂၁ ကြိမ်မြောက် နှစ်ပတ်လည် အစီရင်ခံစာမှာ နိုင်ငံပေါင်း ၉၀ ကျော်က လူ့အခွင့်အရေး အခြေအနေတွေကို သုတေသနပြု မှတ်တမ်းတွေနဲ့ ဖော်ပြထားပါတယ်။