အင်းစိန်ထောင်ဆေးရုံက အကျဉ်းသား ၆ ဦး အစာငတ်ခံ ဆန္ဒပြနေ

အကျဥ်းထောင် လက်စွဲ ဥပဒေပါ ခံစားခွင့်တွေ ရရှိရေး အတွက် အစာအငတ်ခံ ဆန္ဒပြနေတဲ့ အင်းစိန်ထောင် ဆေးရုံက နိုင်ငံရေး အကျဉ်းသားတွေကို ဆေးဝါး အပြည့်အ၀ ကုသခွင့်ပေးဖို့ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က နိုဝင်ဘာ ၁၄ ရက် မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။

2011.11.14
insein_prison_gate_305_z.jpg နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အင်းစိန်ထောင်တွင်း ဆေးရုံ တက်ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား ၆ ဦးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က စပြီး အကျဉ်းထောင် လက်စွဲပါ ဥပဒေ အတိုင်း နိုင်ငံရေး အကျဉ်းသားများအား လျှော့ရက် ခံစားခွင့်ပေးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ ရရှိရေး စတဲ့ အချက်တွေ အတွက် အစာအငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ရဲ့တောင်းဆိုချက်တွေကို အာဏာပိုင်တွေက ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသလို ဆေးကုသခွင့်လည်း မပြုတဲ့အတွက် တောင်းဆိုရတာဖြစ်ကြောင်း သိရပါတယ်။

အစာအငတ်ခံ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေကတော့ ဦးလှမြင့်သန်း၊ ကိုမောင်မောင်တင်၊ ကိုအောင်တင်ဝင်း၊ ကိုအောင်ချိုဦး (ခ) ယူနွတ်၊ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် နဲ့ ကိုသူရစိုးတို့ ဖြစ်ပါတယ်။

သူတို့အားလုံး ကျန်းမာရေး အခြေအနေ စိုးရိမ်နေရပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ကျန်းမာရေး အခြေအနေက အဆိုးရွားဆုံး ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။