ပူတာအိုထောင်ရောက် နိုင်ငံရေးအကျဉ်းသူ ထောင်ဝင်စာအပိတ်ခံနေရ
2011.02.03

“မတွေ့ရဘူးရှင့်၊ တိုက်ပိတ်ထားပါတယ်ရှင်။ ၁၉ ရက်နေ့ကနေ ပိတ်တာရှင့်။ ၁၄ ရက် ပိတ်ထားတာ။ သမီးတို့ စုံစမ်းသလောက်တော့ ထောင်ထဲမှာတဲ့ နည်းနည်း ဆူညံပူညံ လုပ်လို့ လို့ ပြောတယ်ရှင့်။ အခုတခေါက် တော်တော် ဆိုးတာပါ။ အဲဒီမှာ တပွင့်နဲ့လူကလည်း တော်တော် ခြယ်လှယ်နေတာ အဲဒီ ဝန်ထမ်းတွေပဲ။”
ဒေါ်ထက်ထက်ဦးဝေဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦး ဖြစ်ပြီး ထောင်ဒဏ် ၅ နှစ ်ချမှတ်ခံထားရတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ထောင်ဝင်စာတွေ့ခွင့် မိနစ် ၂၀ ပဲ ပေးတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတချို့နဲ့ ထောင်အာဏာပိုင်တွေကြားမှာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။
ပူတာအိုထောင်ထဲမှာ ဒေါ်ထက်ထက်ဦးဝေအပြင်၊ ကျောင်းသား ကိုမျိုးမင်းဇော်၊ NLD က ဒေါ်ဝင်းမြမြ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုအောင်သူ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လည်း ရှိနေပြီး၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေတယ်လို့ သိရပါတယ်။
ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့်မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သမီးဖြစ်သူ မအေးချမ်းပြည့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |