မန္တလေးမြို့ နောက်ဆုံးရအခြေအနေ

2021.02.06
မန္တလေးမြို့ နောက်ဆုံးရအခြေအနေ ၂ဝ၂၁ ဖေဖော်ဝါရီလ ၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့တွင် ဆန္ဒပြနေကြသူများ။
Photo: RFA

RFA က နောက်ဆုံးရတဲ့သတင်းတွေအရ မန္တလေးမြို့ လမ်း ၃၀၊၃၆ လမ်းဘက်က လူအယောက် သုံးဆယ်လောက်နဲ့ စတင်လိုက်တဲ့ ဆန္ဒပြမှုဟာ ညနေပိုင်း လေးနာရီလောက်မှာတော့ လူသောင်းဂဏန်းလောက်အထိ ဖြစ်သွားပါတယ်။

စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ကြွေးကြော်ဆန္ဒပြနေကြတာဖြစ်ပြီးတော့ လမ်းဘေးဝဲယာက ပြည်သူတွေ ပူးပေါင်း ပါဝင်လာတာလည်း တွေ့ရပါတယ်။

အဲဒီလူအုပ်ကြီးဟာ ၈၄ လမ်းအတိုင်းဆင်းလာပြီးနောက် (၂၈) လမ်းမှာ လူစုခွဲလိုက်ကြပါတယ်။ မန္တလေး ဈေးချို နာရီစင်နဲ့ မန္တလေး ကျုံးပတ်ပတ်လည်မှာ လုံခြုံရေးတွေ တင်းကျပ် ချထားပါတယ်။

စစ်အာဏာရှင် အလိုမရှိကြောင်း စာရွက်တွေကို ဆိုင်ကယ်တွေနဲ့ လိုက်ဖြန့်နေသူတွေကိုလည်း တွေ့ရပါတယ်။

လက်ရှိ အင်တာနက်၊ ဖုန်းလိုင်းတွေ အားလုံးကို စစ်အစိုးရက ပိတ်ထားတဲ့အတွက် ဆက်သွယ်ရေး ပြတ်တောက်နေပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်အစိုးရ အာဏာပိုင်တွေက နှစ်ရက်ကြာ ပိတ်ပင်ထားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အင်တာနက် ဖြတ်တောက်ထားတာကြောင့် မန္တလေးမြို့ရဲ့ နောက်ဆုံး အခြေအနေ ဓာတ်ပုံ၊ ဗီဒီယိုတွေကို မရရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဦးသော်မျိုးထက်
2021-02-07 04:56

စစ်တပ်ကလည်းနောက်မဆုတ်ဘူးလို့ ကြားရပါတယ်
အောက်ခြေစစ်သည်တွေကို အစည််းအဝေးတွေးခေါ်ပြီး စည်းရုံးနေတယ်လို့ကြားပါတယ်
ဒီမိုကရေစီဘက်တော်သား (၇)ရက်သား/သမီးအားလုံး ဘေးအန္တရာယ်ကင်းကြပါစေ❤️🙏🙏🙏❤️

Kyaw Moe Khaing
2021-02-07 19:48

စစ်အာဏာရှင်ကျဆုံးစေရန် မြန်မာပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ပေးကြပါ