ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ဆန္ဒပြ
2016.07.06

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်း (မဘသ)ကို မလိုအပ်ကြောင်း စင်္ကာပူနိုင်ငံကို ရောက်ရှိ စဉ် ပြောကြားခဲ့လို့ဆိုပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီနေ့ညနေပိုင်းက ပြန်လည်ရောက်ရှိလာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို လူပုဂ္ဂိုလ် ၁၀ ဦးခန့်က ဆန္ဒပြခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ကန့်ကွက်ဆန္ဒပြရာမှာ ပါဝင်တဲ့ မမြတ်ဆုမွန်က အခုလိုပြောပါတယ်။
"မဟန ရှိပြီးသား မဘသ မလိုဘူးပေါ့နော်၊ ဗုဒ္ဓဘာသာအများဆုံးက ရွေးချယ်တင်မြှောက်ထားတဲ့ ဝန်ကြီးတစ်ယောက်ဖြစ်ပြီး ဒီလိုစကားပြောလိုက်တော့ ကျမရင်ထဲမှာ အရမ်းကြီးကိုခံစားရလို့ပါ၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုတာ ဒီမဘသ ဆိုတဲ့ခေါင်းစဉ်မှာပါပြီးသားလေ၊ အဲ့ဒါကို အဲ့လိုမျိုးပြော သွားတဲ့အတွက် ကျမရင်ထဲမှာခံစားရလို့ ကျမလာခဲ့တာပါ၊ မဘသ ရဲ့နာမည်ကိုက အမျိုးဘာသာ သာသနာ ဖြစ် တဲ့အတွက်ရှိသင့်ပါတယ်"
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မဘသ အဖွဲ့အစည်း ရှိဖို့မလိုအပ်ကြောင်း ရန်ကုန်လေဆိပ်က ထွက်ခွာ စဉ်မှာ သတင်းမီဒီယာသမားတွေကို ဖြေကြားခဲ့ပါတယ်။
စင်္ကာပူနိုင်ငံကို ၄ ရက်ကြာ သွားရောက်ခဲ့တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃမဟာနာယက (မဟန)ရှိပြီး ဖြစ်တာကြောင့် အမျိုးဘာသာ သာသ နာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)အဖွဲ့အစည်း မလိုအပ်ကြောင်း ပြောကြားချက်ကို ကန့်ကွက်ဆန္ဒပြကြတာဖြစ် ပါတယ်။
ဆန္ဒပြသူတွေက ဗုဒ္ဓဘာသာ အမည်ခံဝန်ကြီးချုပ် အလိုမရှိ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့ မလိုအပ် ဆိုတဲ့ ဝန်ကြီး ချုပ် ပြောကြားမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း စာသားပါ စာရွက်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၅၀ ခန့်က ကြိုဆိုခဲ့ကြပါတယ်။