မန္တလေးမှာ ဆန္ဒပြလို့ ဖမ်းခံရသူ ၈၀ ကျော်ပြန်လွတ်လာ

2021.02.10
မန္တလေးမှာ ဆန္ဒပြလို့ ဖမ်းခံရသူ ၈၀ ကျော်ပြန်လွတ်လာ မန္တလေးမြို့ ပုသိမ်ကြီး ရဲစခန်းကို တွေ့ရစဉ်
Photo: RFA

မန္တလေးမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ လူ ၈၀ ကျော်ကို ကိုယ်တိုင်ခံဝန်ပေးပြီး ဒီနေ့နေ့လယ်မှာ ပုသိမ်ကြီး ရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နောက်ထပ် ဆန္ဒပြတာတွေမလုပ်ဖို့နဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို မသိရှိကြောင်းဆိုတဲ့ ခံဝန်လတ်မှတ်ထိုးခဲ့ကြရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

ဒီလို ခံဝန်နဲ့ထွက်လာပေမဲ့ ရဲတပ်ဖွဲ့ဘက်ကလည်း သူတို့ဝန်ထမ်းစည်းကမ်းအရ လုပ်တာဖြစ်လို့ ဆန္ဒပြသင့်ရင်လည်း ပြသွားမယ်၊ မပြသင့်ရင်လည်း မပြဘူးလို့ ပြန်လွတ်လာသူ ကိုနိုင်ကိုကို ကပြောပါတယ်။

"မနက်က အမှတ် ၉ စခန်းမှူးက လာပြီးမေးပါတယ်။ရိုက်နှက်တာတွေ ရှိလားပေါ့။ မရှိကြောင်း ပြောလိုက်ပါတယ်။ ထားတာတော့ ကောင်းကောင်းမွန်မွန်ထားပါတယ်" လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေအတွက် တရားလွတ်တော် ရှေ့နေတွေကလည်း အခမဲ့အမှု လိုက်ပေးဖို့ စီစဉ်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။