ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့အဖွဲ့ ကချင်ပြည်နယ်လူထုနဲ့ တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးတွေဟာ ကချင်ပြည်နယ်ကို ဒီကနေ့ ရောက်ရှိ လာပြီး ပူတာအိုခရိုင်နဲ့ မြစ်ကြီးနားခရိုင်အတွင်း က ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ လေ့လာ တွေ့ဆုံခဲ့ပါတယ်။

2013.02.09
pyidu_hluttaw_president_meet_kachin_people_305.jpg ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း က မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ပြည်သူလူထုနဲ့ တွေ့ဆုံမိန့်ခွန်းပြောကြားခဲ့စဉ်
Photo: RFA/Kyaw Myo Min

နေ့လည်ပိုင်းမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ မြစ်ကြီးနား မြို့တော်ခန်းမမှာ ဒေသခံပြည်သူတွေ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံချိန်မှာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကနေ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ့် အလားအလာကောင်းတွေရှိနေပြီလို့  ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ လိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းပြီး စစ်ဘေးရှောင် ဒေသခံပြည်သူတွေကို စုပေါင်းအလှုငွေ ပေးအပ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအိုမြို့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နေ့လည်ပိုင်းမှာ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် မှာရှိတဲ့ ဂျန်မိုင်ကောင် စစ်ဘေးရှောင်စခန်းက ပြည်သူတွေကို သွားရောက်တွေ့ဆုံပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့အပြင် မြို့တော်ခန်းမမှာလည်း လူထုနဲ့ တွေ့ဆုံလှူဒါန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။