လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲဟု အထူးကိုယ်စားလှယ်သုံးသပ်
2011.05.23

မစ္စတာ ကင်တားနားဟာ ထိုင်းနိုင်ငံ နယ်စပ်ဒေသ တလျှောက်က စစ်ပြေးဒုက္ခသည်တွေနဲ့ တပတ်ကြာ တွေ့ဆုံပြီး အခုလို သတင်းစာရှင်းလင်းပွဲကို ဗန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပခဲ့တာပါ။
မြန်မာအစိုးရဟာ တိုင်းရင်းသားအရေးကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ ပျက်ကွက်တာဟာ အထူးစိုးရိမ်စရာပါပဲ၊ အခု အသစ်တက်လာတဲ့ အစိုးရသစ်ဟာ ဒီမိုကရေစီ လမ်းညွှန်ချက်အတိုင်း နောက်ဆုံး အကောင်အထည်ဖော်တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီမိုကရေစီစနစ်တခုကို အသွင်ကူးပြောင်းမယ်ဆိုရင် အစိုးရတရပ် ထွက်ပေါ်လာရုံနဲ့ မပြီးပဲ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုတွေ လိုအပ်ကြောင်း မစ္စတာ ကင်တားနားက ပြောပြပါတယ်။
မြန်မာအစိုးရဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံအတွင်း ဝင်ရောက် လည်ပတ်ခွင့် ပိတ်ပင်ထားပါတယ်။ ဗန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းပွဲအကြောင်းကို သွားရောက် သတင်းယူခဲ့တဲ့ RFA သတင်းထောက် ဒေါ်ခင်မျိုးထွေးက တင်ပြထားပါတယ်။
![]() |
မစ္စတာ ကင်တားနား၏ သတင်းစာရှင်းပွဲ |
![]() |
အသံဖိုင်ယူရန် |