လွတ်လပ်တဲ့ အာရှအသံရဲ့ အကျိုးပြုမှု တင်ပြဆွေးနွေး


2014.04.12
2014Burke-featuredimage-305 BBG မှဆုချီးမြှင့်ခြင်းခံရသော သတင်းထောက်များ
Photo:www.bbg.gov

လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ အစီအစဉ်တွေဟာ သက်ဆိုင်ရာနိုင်ငံအသီးသီးက သောတရှင်ပြည်သူတွေ အတွက် အင်မတန်အရေးပါထိရောက်မှုရှိကြောင်း ဧပြီလ ၁၁ ရက်နေ့ မနေ့က ကျင်းပတဲ့ အမေရိကန် အစိုးရ အသံလွှင့်အစီအစဉ်များ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ BBG အစည်းအဝေးမှာ အဖွဲ့ ဥက္ကဌ Jeff Shell က ပြောကြားလိုက်ပါတယ်။

RFA ရဲ့သတင်းမီဒီယာကဏ္ဏမျိုးစုံကနေ တင်ဆက်နေ တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး နှောကြောလေ့လာ သုံးသပ်တဲ့ အဲဒီ အစည်းအဝေးကို RFA လွှတ်လပ်တဲ့ အာရှအသံ ဥက္ကဌ Libby Liu  တက်ရောက်ပြီး မိမိတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ရရှိခဲ့တဲ့အောင်မြင် မှုတွေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။ သူမရဲ့ တင်ပြမှုတွေဟာ RFA ရဲ့ နက်ရှိုင်းကျယ်ပျံ့တဲ့ သဘောသဘာဝတွေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေက နားဆင် ကြည့်ရှုသူလူထုအပေါ် အကျိုးသက်ရောက် ပုံတွေကို ထင်ရှားပေါ်လွင်စေတယ် လို့ BBG ဥက္ကဌ  Jeff Shell က ထောက်ခံပြောဆိုခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကို ဥက္ကဌ Libby Liu နဲ့အတူ ညွန်ကြားရေးမှူးတွေ၊ အခြားအရာရှိတွေလိုက်ပါ တက်ရောက် ခဲ့ပါတယ်။ အစည်းအဝေးမှာ RFA က ထူထောင်ထားတဲ့  OTF( Open Technology Fund) ပွင့်လင်းနည်းပညာအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါတယ်။

မနေ့က ကျင်းပတဲ့ BBG အစည်းအဝေးမှာ ၂ဝ၁၄ ခုနှစ်အတွက် David Burke ထူးချွန်စာနယ်ဇင်းသမားဆု ရရှိသူအမည်စာရင်းကိုလည်း ကြေညာခဲ့ပါတယ်။ ဆုရရှိခဲ့သူတစ်ဦးကတော့ လွတ်လပ်တဲ့အာရှ အသံ မြန်မာပိုင်းအစီအစဉ် အတွက် တာဝန်ထမ်းဆောင်ရင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မန္တလေးမြို့မှာ ဆိုင်ကယ်မတော်တဆတိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသူ သတင်းထောက် ကိုမိုးသူအောင် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။