ရခိုင်မှာ အပစ်အခတ်ရပ်စဲရေး တရုတ်ကြိုးပမ်း
RFA Burmese
2024.01.28
2024.01.28

ရခိုင်ပြည်နယ်ထဲမှာ အပစ်အခတ်ရပ်စဲရေးဖြစ်လာအောင် တရုတ်နိုင်ငံက သက်ဆိုင်သူတွေနဲ့ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Yao Wen က ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud နဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွေးနွေးခဲ့ပြီးနောက် တရုတ်သံအမတ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲသွားခဲ့ရင် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး လမ်းပွင့်လာမယ်လို့လည်း သူက ဆိုပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအပေါ် ယုံကြည်ပေးကြဖို့လည်း တရုတ်သံအမတ်က ပြောခဲ့ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။