အယူခံတင်သူ ၁၉ ဦးကို ရခိုင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင် ပယ်ချ


2015.09.08

ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရသူ ၂၁ ဦးထဲက ပြည်နယ်ရွေးကောက် ပွဲကော်မရှင်ကို အယူခံတင်ထားသူ ၁၉ ဦးကို ဒီနေ့ ပယ်ချလိုက်ပါတယ်။

ကျန်ရှိနေသေးတဲ့ အယူခံကိုယ်စားလှယ်လောင်း ၂ ဦးကိုတော့ မနက်ဖြန်မှာ အပြီးသတ်ဆုံးဖြတ်ပေးသွားမယ်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်မြက ပြောပါတယ်။

"နှစ်မှုကျန်တယ်ထင်တယ်၊ ကိုယ်စားလှယ်နာမည်က ဦးဘခင်နဲ့ ဦးကျော်ဇောဦး တို့ကိုတော့ အမိန့်မချသေးဘူး၊ ကျန်တဲ့လူကတော့ ပယ်လိုက်ပြီးပြီ၊ မနက်ဖြန်ကျမှ အမိန့်ချမယ်"

ဒီနေ့ပယ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီ က ၁၁ ဦး၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ၆ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁ ဦးနဲ့ တသီးပုဂ္ဂလ ၁ ဦးတို့ ဖြစ် ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်း ၁၁ ဦးဟာ မိဘနှစ်ပါးနိုင်ငံသားမဖြစ်တဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံရတာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် ကိုယ်စားလှယ်လောင်းက အသက် ၃၀ မပြည့်လို့ ပယ်ချခံရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်ပေါင်း ၃၅၀ လောက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။