ရခိုင်မှာ အတည်ပြုလူနာ၂၁၇ ဦးအထိ ရှိနေ


2020.08.28
rakhine-mask-622.jpg နှာခေါင်းစည်းတပ်ထားတဲ့ ဘုန်းကြီးတစ်ပါးကို စစ်တွေမြို့မှာ ၂၀၂၀ သြဂုတ် ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: Ni Min Tun/RFA

ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ်၂၈ရက် မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုလူနာ ၂၁၇ ဦး ရှိလာတဲ့အတွက် မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၆၂၈ ဦး အထိရှိလာပါတယ်။

ဒီမနက် အသစ်ထပ်မံစစ်ဆေးတွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အတည်ပြုလူနာ၂၆ ဦးထဲမှာ စစ်တွေက ၁၅ ဦး၊ ကျောက်ဖြူက သုံးဦး၊ မောင်တောက ခြောက်ဦး၊ တောင်ငူနဲ့ ပေါက်တောတို့က တစ်ဦးစီ ဖြစ်ပါတယ်။ ဒါဟာ သြဂုတ် ၂၇ ရက် ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၂၁ ခုကနေ တွေ့ရှိသူတွေပါ။

သြဂုတ်၂၇ ရက်နေ့ ပထမအသုတ် ဓာတ်ခွဲနမူနာ ၁၃၅၅ ခုကနေ ပိုးတွေ့ရှိသူ ၁၆ ဦး စာရင်းကိုတော့ ည ၈ နာရီမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ၁၆ ဦးက ရန်ကင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ရေး၊ မော်လမြိုင်၊ တောင်ငူ၊ ကျောက်ပန်းတောင်း၊ စစ်တွေတို့မှာ နေထိုင်သူတွေ ပါဝင်ပါတယ်။

ကူးစက်ပျံ့နှံ့မှု လျော့ကျအောင် အသွားအလာဆင်ခြင်ဖို့၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။