ရခိုင်မှာ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၆၀၀ နီးပါးရှိ


2017.06.06
child-bp-620.jpeg ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဘဲရကုလားခေါင်းကျေးရွာမှာ မေလ ၈ ရက်နေ့က ကလေးတစ်ဦးကို ကျန်းမာရေးအဖွဲ့က သွေးပေါင် ချိန်ပေးနေစဉ်
Photo: San Lung FB

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး ဇွန်လ ၅ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၀၀ နီးပါး ရှိနေပြီး သေဆုံးသူ ၁၀ ဦးအထိရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက် တာ စံကျော့ခိုင် က ပြောပါတယ်။   

အသက် ၁ နှစ်ကနေ ၉ နှစ်အထိ အဖြစ်များပြီး ဒီနှစ်မှာ အသက် ၁၅ နှစ်အထက်တွေလည်း ရောဂါဖြစ်ပွားလာ တာတွေ့ရတယ်လို့ ဒေါက်တာ စံကျော့ခိုင် က ပြောပါတယ်။

"မနေ့ကအထိ အစ်မတို့ စာရင်းချုပ်ထားတာ လူနာ ၅၉၄ ယောက်၊ အဖြစ်အများဆုံးက ၁ နှစ်ကနေ ပြီးတော့ ၉ နှစ်အထိ အဲဒီမှာ ပိုများတယ်၊ ဒါပေမဲ့ ဒီနှစ်က ၁၅ နှစ်အထက်လည်းများလာတယ်၊ သေဆုံး တဲ့လူက ဇွန် ၅ ရက်နေ့အထိကို ၁၀ ယောက်ရှိတယ်။"

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် နောက်ပိုင်းကစပြီး ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာတာဖြစ် ပြီး ပေါက်တော၊ ကျောက်တော်၊ မင်းပြားနဲ့ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ အဖြစ်များနေတယ်လို့ လည်း ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် ပုဏ္ဏားကျွန်းက ၂ ဦး၊ ကျောက်တော်နဲ့ မြောက်ဦးက ၃ ဦးစီ၊ ပေါက်တောနဲ့ အမ်းက ၁ ဦးစီ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ၂ နှစ် ၃ နှစ် တစ်ခါလောက် အဖြစ်များလေ့ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက အဖြစ်များခဲ့ပြီး ဒီ ၂၀၁၇ မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ အဖြစ်များတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ လည်း ဒေါက်တာ စံကျော့ခိုင် က ပြောပါတယ်။

လက်ရှိမှာ သွေလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေနဲ့ အသိပညာပေးလုပ်ငန်းတွေကို နေရာ အနှံ့ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။