ရခိုင်မှာ အကူအညီပေးခဲ့တဲ့ ပရဟိတအဖွဲ့ ၃ ဖွဲ့ သတင်းစာရှင်း


2017.09.16
rakhine-help-press-622 ရခိုင်မှာ အကူအညီပေးခဲ့ ပရဟိတအဖွဲ့ ၃ ဖွဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ရခိုင်အမျိုးသားကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ သတင်းထုတ်ပြန် တာတွေ နောက်ကျပြီး ကူညီဆောင်ရွက်ပေးတာတွေမှာ အားနည်းမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သုံးသပ် ကြကြောင်း အဲဒီဒေသတွေမှာ အကူအညီတွေပေးခဲ့တဲ့ ပြည်သူ့အိုးေ၀ ဖောင်ဒေးရှင်းက ကိုအောင်အောင်ကျော်က ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေက ဒုက္ခသည်တွေကို သွားရောက်ကူညီခဲ့တဲ့ ရခိုင်အမျိုးသား ကွန်ရက်၊ ပြည်သူ့အိုးဝေ ဖောင်ဒေးရှင်းနဲ့ သစ်မင်းကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တို့က ဒီနေ့ ရန်ကုန်မြို့က ရခိုင်အမျိုးသားကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ပြည်သူ့ အိုးဝေ ဖောင်ဒေးရှင်းက ကိုအောင်အောင်ကျော် က အခုလို ပြောပါတယ်။

လက်ရှိဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ သတင်းမီဒီယာသမားတွေကို သတင်းရယူခွင့် ပိတ်ပင်ထားတာလည်း မှန်ကန်တဲ့ သတင်းအချက်အလက်ရရှိမှု အားနည်းချက်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်တွေက ဒေသခံတိုင်းရင်းသား ၄ ထောင် ကျော်ကို နေရပ်ပြည်လည် ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

နေရပ်ကိုပြန်လည် ပို့ဆောင်ပေးတဲ့အပေါ်မှာ မူလနေရပ်မှာ ပြန်ပြီးနေလို့ရအောင် လုပ်ဆောင်ထားမှု အခြေအနေတွေမရှိဘဲ ပြန်လွှတ်တာဟာ လူထုအပေါ်စာနာထောက်ထားမှု မရှိရာရောက်တယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ကိုတင်ထူးအောင်က ပြောပါတယ်။

ရခိုင်အမျိုးသား ကွန်ရက်၊ ပြည်သူ့အိုးဝေ ဖောင်ဒေးရှင်းနဲ့ သစ်မင်းကျန်းမာရေး စောင့်ရှောက်မှု ပရဟိတ အဖွဲ့တွေဟာ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားလိုအပ်တာတွေ ဆက်လက်ကူညီသွားမှာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။