စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး စစ်တွေမြို့မိ၊ မြို့ဖတွေနဲ့ တွေ့ဆုံ

နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန် ပေးအပ်ထားတဲ့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်ဟာ မနေ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ညနေပိုင်းမှာ စစ်တွေမြို့ပေါ်မှာရှိတဲ့ ရခိုင်နဲ့ မူစလင် ကိုယ်စားလှယ်တွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး မှာ တွေ့ဆုံပြီး အချိန် ၁ နာရီခွဲခန့် သီးသန့် တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။

2013.02.15
rakhine_investigate_commision_305 ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်တွေမြို့တွင် နှစ်ဖက်စလုံးက ရပ်မိရပ်ဖ ကိုယ်စားလှယ်တွေနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့စဉ်
Photo: RFA/Min Thein Aung

စုံစမ်းရေးကော်မရှင ်အတွင်းရေးမှူးက ရခိုင်နဲ့ မူစလင်တွေအကြား နှစ်ဖက် ခံစားချက်တွေ သဘောထားတွေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် တစ်ဦးချင်းကို သီးခြားတွေ့ဆုံ မေးမြန်းခဲ့တယ်လို့  စစ်တွေမြို့ခံတစ်ဦးဖြစ်တဲ့ ဦးမြင့်ဦးက RFA ကို ပြောပါတယ်။

"အနေအထားက ဘယ်လိုရှိနေကြလဲ၊ ဆက်ပြီး ဘယ်လိုသွားကြမလဲ၊ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဒီနှစ်ဘက်စလုံးက ပြောတဲ့စကားတွေကို သူကလျှို့ဝှက်ထားပြီးတော့ သူ့အနေနဲ့ ကော်မတီမှာ ထပ်ပြီးတော့ တင်ပြမယ့် အနေအထားရှိပါတယ်"

အဲဒီ ဆွေးနွေးပွဲကို ရခိုင်လူမျိုးတွေဖက်က ကိုယ်စားလှယ် ၁၅ ဦးခန့်နဲ့ မူဆလင်တွေဘက်က ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စုံစမ်းရေး ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနေရာမှာ အစီရင်ခံစာတင်နိုင်မယ့် အဆင့်အထိ လုပ်ဆောင်စရာ အများအပြား ကျန်ရှိနေသေးတယ်လို့လည်း ကော်မရှင်အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ပြောပါတယ်။

ဒီအတောအတွင်း ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်က ၁၅ ဦးပါဝင်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေကို ကွင်းဆင်းလေ့လာနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။