ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း ဒေသခံအကျိုးစီးပွားကို ဦးစားပေးမည်
2013.09.08
ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ဖော်ဆောင်တဲ့နေရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ့ရေးကော်မတီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရေနက်ဆိပ်ကမ်း တင်ဒါခေါ်ယူရေးနဲ့ စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဌ၊ ဒေါက်တာ မောင်မောင်သိန်းက ဒီနေ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားလိပ်ဟိုတယ်မှာပြုလုပ်တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ရင်နှီးမြုပ်နှံရေးဆွေးနွေးပွဲမှာ သတင်းမီဒီယာတွေကို အခုလိုပြောသွားတာပါ။
"နံပါတ်တစ် အကျိုးခံစားခွင့်ရှိတဲ့ပုဂ္ဂိုလ်များသည် ကျောက်ဖြူက ရခိုင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေ ခံစားရမယ်၊ သူတို့ဒေသဖြစ်တော့ သူတို့ကို ဦးစားပေးထည့်ထားတယ်၊ သူတို့ဒေသအကျိုးဖြစ်ထွန်းမှ တစ်ခြားဒေသတွေဆိုတာလာမယ်"
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ပထမဆင့်အတွက် မြေဧက ၁ဝဝဝ ကျော်မှာ ရင်းနှီးမြုှပ်နှံဖို့ စိတ်ဝင်စားသူတွေအနေနဲ့ တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီကို အိပ်ဖွင့်ပေးစာပေးပို့နိုင်ပြီလို့လည်း သိရပါတယ်။
အဲဒီကျောက်ဖြူ ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းဟာ မြန်မာနိုင်ငံမှာ တတိယမြောက် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်း ဖြစ်ပါတယ်။