နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး ရခိုင်သံဃာများ ဆန္ဒပြ
2014.06.08

ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးရဲကျော်သူ ကျောင်းတိုက် မှာ သီတင်းသုံးနေတဲ့ သံဃာတော်တစ်ပါးဖြစ်သူ ဦးစက္ကိန္ဒဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ပိုမို အလေးထားဆောင်ရွက်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ စစ်တွေမြို့မှာ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။
အခုလို ဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်ပြီး ဦးစက္ကိန္ဒက
"အခုလို လမ်းလျှောက်လိုက်တဲ့ အားဖြင့် နိုင်ငံတော် အစိုးရအနေနဲ့ သော် လည်းကောင်း၊ ပြည်နယ်အစိုးရ အနေနဲ့ သော် လည်းကောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည် ငြိမ်အေးချမ်းရေး အပေါ်မှာလည်း အခုလက်ရှိအနေထားထက်ကို အားသွန် ခွန်စိုက် ဆောင်ရွက်ကြလိမ့် မယ်လို့ ဦးဇင်း ထင်မြင်ယူဆမိသလို ဖွံ့ဖြိုးရေးပိုင်းမှာလည်း ဒီထက်ကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြ လိမ့်မယ်လို့လည်း ဦးဇင်း မျော်လင့်ပါတယ်"
စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးကေသရကလည်း ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးနဲ့ ပင်လယ်ပြင်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အနေနဲ့ ဒီနေ့ မောင်တောမြို့ကနေ ဘူးသီးတောင်မြို့အထိ လမ်းလျှောက်တောင်းဆို ခဲ့ပါတယ်။