ဘင်္ဂါလီ ခေါ်ဆိုရေး ပြည်နယ် လွှတ်တော် ဆွေးနွေးမယ်


2016.08.03
tunaungthein-620.jpg ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း သြဂုတ်လ ၃ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းနေစဉ်
Photo: Min Thein Aung/ RFA

"ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ရခိုင်ပြည်နယ်အတွင်းကို တရားမဝင် ဝင်ရောက်လာသူတွေကို ဘင်္ဂါလီ လို့ ခေါ်ဝေါ်သုံးနှုန်းဖို့ ရခိုင်ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း" အဆိုတရပ်ကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ရာမှာ အဲ့ဒီအဆိုကို လက်ခံဆွေးနွေးဖို့ ပည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာအစိုးရက "ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ"၊ "ရခိုင်ပြည်နယ်ရှိ မွတ်စလင်အသိုင်းအဝိုင်း" ဆိုတဲ့ အသုံးအနှုန်းတွေသုံးဖို့ ညွှန်ကြားခဲ့တာကို လက်ခံမယ်ဆိုရင်  ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဦးထွန်းအောင်သိန်းက ပြောကြားခဲ့ပါတယ်။

"ကိုးကွယ်ရာဘာသာကို အစွဲပြု၍ လူမျိုးအမည်ကို ခေါ်ဝေါ်သုံးနှုန်းမည်ဆိုပါက ရခိုင်ပြည်နယ်က ကမန်လူမျိုး တို့၏ နောက်ခံသမိုင်းအထောက်အထား ပျောက်ကွယ်သွားမည်၊ ရခိုင်ပြည်နယ်အတွင်း အသစ်ဝင်ရောက် လာသော လူမျိုးတစ်မျိုးဖြစ်သွားသောကြောင့် သူတို့၏ရသင့်ရထိုက်သော အခွင့်အရေး အလိုအလျောက် ဆုံးရှုံးသွားမှာဖြစ်ပါတယ်"

ဦးထွန်းအောင်သိန်း တင်ပြခဲ့တဲ့အဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန် နောက်ဆုံးထားပြီး နာမည်စာရင်း ပေးကြရမယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။