စစ်တွေမြို့က ဆန္ဒပြကျောင်းသားသုံးဦး အာမခံနဲ့ လွတ်မြောက်
2020.09.22

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့လို့ ဖမ်းဆီးတရားစွဲဆို ခံထားတဲ့ရတဲ့ ကျောင်းသား သုံးဦးဟာ ဒီနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ အာမခံနဲ့ ပြန်လွတ်လာပါတယ်။
သူတို့သုံးဦးကို လာမယ့် အောက်တိုဘာလ ၆ ရက်နေ့မှာ စစ်တွေမြို့နယ် တရားရုံးမှာ ပထမအကြိမ်ရုံးထုတ်မှာ ဖြစ်ပါတယ်။ ပုဒ်မ ၁၉ ဟာ အများဆုံး ထောင်ဒဏ် သုံးလအထိ ချခံရနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်နဲ့ စုဝေးခွင့် ပုဒ်မ ၁၉ တစ်ခုတည်းနဲ့သာ တရားစွဲခံခဲ့ရတဲ့အတွက် အာမခံရလို့ လွတ်မြောက်လာတာလို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က RFA ကိုပြောပါတယ်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုကျောင်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့ သုံးဦးကို
တရားမစွဲတင်ခင် ဥပဒေရုံးကနေ ဘေးစီမံဥပဒေနဲ့ ငြိစွန်းမှုမရှိလို့ ငြိမ်းစုစီဥပဒေ ပုဒ်မနဲ့သာ တရားစွဲ သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
သမဂ္ဂအဖွဲ့ဝင် သုံးဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရုံးရှေ့မှာ ပြည် နယ်အစိုးရ အလိုမရှိ၊ မြန်နှုန်းမြင့် အင်တာနက်ဖွင့်ပေးရေးနဲ့ တပ်မတော်ကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တောင်းဆိုနေခဲ့စဉ်အတွင်းမှာပဲ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးခံရတဲ့နေ့မှာပဲ စစ်တွေမြို့နယ်တရားရုံးမှာ ရဲတပ်ဖွဲ့ဘက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခဲ့ပြီး ချုပ်ရမန် ၁၄ ရက်ယူသွားခဲ့တာဖြစ်ပါတယ်။
သူတို့သုံးဦးကို လာမယ့် အောက်တိုဘာလ ၆ ရက်နေ့မှာ စစ်တွေမြို့နယ် တရားရုံးမှာ ပထမအကြိမ်ရုံးထုတ်မှာ ဖြစ်ပါတယ်။ ပုဒ်မ ၁၉ ဟာ အများဆုံး ထောင်ဒဏ် သုံးလအထိ ချခံရနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။