မစ္စတာကိုဖီအာနန် ကော်မရှင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး တွေ့ဆုံ


2016.12.05
kofiannan-meet-mp-620.jpg ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဌ ကိုဖီအာနန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
Photo: Win Ko Ko Latt/ RFA

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်က ပြည်ထောင်စု အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားထားပေမယ့် ကိုယ်စားလှယ် ငါးဦးနဲ့သာ တေ့ွဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် တစ်ယောက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၄ ဦးသာ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီကော်မရှင်ကို အသိအမှတ်မပြုကြောင်း ရခိုင်ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားတဲ့အတွက် မတွေ့နိုင်ကြောင်း အကြောင်းပြန်လိုက်တာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ က ပြောပါတယ်။

"အန်တီတို့ရဲ့ ပါတီမူဝါဒအောက်မှာပဲ အန်တီတို့ ရပ်တည်နေကြတယ်ပေါ့နော်၊ အန်တီတို့ ရခိုင်ပြည်နယ်မှာလည်း အသိအမှတ်မပြုကြောင်း လွှတ်တော်မှာလည်းအောင်သေးတယ်၊ အဲ့လောက်လုပ်ထားပြီးမှ အန်တီတို့အနေနဲ့ လည်း သွားမတွေ့သင့်ဘူးလို့ သုံးသပ်တယ်ပေါ့နော်၊ ကိုဖီအာနန် မြန်မာနိုင်ငံ ရောက်လာကတည်းကပေါ့နေ်ာ၊ ပုဂ္ဂိုလ်တစ်ဦးက ဆရာဦးလှစော ကို ပြောတယ်ပေါ့နော်၊ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ ကိုဖီအာနန်နဲ့တွေ့ဖို့ တစ်ရက်အချိန်ပေးနိုင်မလားမေးပါတယ်၊ အန်တီတို့ဘက်ကလည်း ဒီလိုအကြောင်းတွေကြောင့် မတွေ့နိုင်ဘူးလို့ အကြောင်းကြားလိုက်တာပါ"

ဒီကနေ့ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် အရေးနဲ့ ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြခဲ့တယ် လို့ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေ က ပြောပါတယ်။

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ မြောက် ဦးနဲ့ မြေပုံမြို့နယ်တွေကို သွားရောက်လေ့လာ ခဲ့ပြီး ဒီနေ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ မတွေ့ဆုံခင် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ တေ့ွဆုံခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။