ရခိုင်ဒေသ ရလဒ်တချို့ ပြည်နယ်ကော်မရှင် ထုတ်ပြန်


2020.11.11
rakhine-election-result-622.jpg ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်တဲ့ ‌ရွေးကောက်ပွဲရလဒ်တချို့ ကပ်ထားတဲ့ ကြေညာသင်ပုန်းကို တွေ့ရစဉ်
ဓာတ်ပုံ - နီမင်းထွန်း/ RFA

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲကျင်းပခဲ့တဲ့ စစ်တွေ၊ အမ်း၊ တောင်ကုတ် စတဲ့ မြို့နယ်တွေက ရွေးကောက်ပွဲရလဒ်တချို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်လိုက်ပါတယ်။

အမ်းမြို့နယ်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နဲ့ အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုက်တက်ရေးပါတီ (USDP) က အနိုင်ရရှိခဲ့ပြီး ဂွမြို့နယ်မှာတော့ မဲဆန္ဒနေမြေအားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရှိသွားတယ်လို့ ထုတ်ပြန်ထားတာပါ။

အဲဒီလိုပဲ သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရရှိသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ကတော့ မာန်အောင်မြို့နယ်က မဲဆန္ဒနယ်မြေ အားလုံး၊ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နဲ့ (၁၂) တို့မှာ အနိုင်ရရှိသွားတယ်လို့လည်း ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မနေ့က ထုတ်ပြန်ချက်မှာတော့ စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော် နှစ်နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာတွေကို ရခိုင်အမျိုးသားပါတီက အနိုင်ရရှိသွားသလို ကျောက်ဖြူမြို့နယ်က ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ကို ရခိုင်ဦးဆောင်ပါတီ (AFP) က အနိုင်ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။