ရိုဟင်ဂျာ အသုံးအနှုန်းပါတဲ့ အကူအညီ မှန်သမျှ ငြင်းပယ်မယ် လို့ ရခိုင်ဝန်ကြီးချုပ်ပြော


2014.11.15
maungmaungoh-rakhine-pm-305 ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဇူလိုင် ၂ ရက်နေ့ က ပြည်နယ်ဝန်ကြီးချုပ်အသစ် ဗိုလ်ချုပ်မောင်မောင်အုန်း မိန့်ခွန်းပြောကြားစဉ်
Photo: Min Thein Aung/ RFA

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းက ထောက်ပံ့လာတဲ့ ဘယ်လိုထောက်ပံ့ကူညီမှု မျိုးကိုမဆို လက်မခံပဲ ငြင်းပယ်သွားမယ်လို့  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခုလို ပြောကြားလိုက်တာပါ။

"ရိုဟင်ဂျာဆိုရင် ကျနော်တို့ လုံးဝအထောက်အပံ့ မယူဘူး၊ ရခိုင်တိုင်းရင်းသားနဲ့ IDP အတွက် လူ သားချင်းစာနာမှုနဲ့ သွားမယ်ဆိုရင်တော့ ပြည်နယ် အစိုးရရဲ့ ကြီးကြပ်မှု၊ မြို့မိမြို့ဖပါဝင်တဲ့အဖွဲ့ရဲ့ သဘောတူညီမှုနဲ့ သွားပါမယ်"

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ နဲ့ ဆက်ဆံရဦးမှာဖြစ်သလို ရိုဟင်ဂျာလူမျိုးဆိုတာ ရခိုင်သမိုင်းမှာ မရှိခဲ့ဘူးဆိုတာ နိုင်ငံတကာအသိုင်း အဝိုင်းမှာ သက်သေပြနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေ နိုင်ငံသားဖြစ်ခွင့်ရဖို့အတွက် လာမယ့် ၂၀၁၅ ခုနှစ်ကစတင်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနက တစ်နှစ်မှာနှစ်ကြိမ် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေမှာ တစ်ပါတည်း ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။