သံတွဲမှာ ရေဘေးအန္တရာယ် သတိ ထားဖို့ ကြေညာ
2017.06.20

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ရေကြီးလာနိုင်တဲ့အတွက် သတိထားကြဖို့ မြို့နယ်သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီက ဒီနေ့ သတိပေးချက်ထုတ်ပြန် လိုက်ပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြေနိမ့်ပိုင်းတွေမှာ ရေကြီးတာ၊ ကမ်းပါးပြိုကျတာတွေဖြစ်လာနိုင်တဲ့ အတွက် အခုလို သတိပေးချက်ထုတ်ပြန်တာလို့ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန် က ပြောပါတယ်။
"မိုးလေဝသကလည်း နောက် ၄၈ နာရီမှာ မိုးရွာနိုင်တယ်၊ နောက်သံတွဲမှာလည်း ဆက်တိုက်မိုးရွာ ထားတော့ ချောင်းရေတွေ ကမြင့်တက်လာတာ ရှိတယ်၊ မြေနိမ့်ပိုင်းဒေသတွေမှာ ရေတက်တာတို့၊ မြေပြို တာတို့ဖြစ်ပေါ်လာနိုင်လို့ ကြိုတင်သတိပေးတာပါ"
ဒီနေ့မနက်ပိုင်းက မြို့ပေါ်ရပ်ကွက်တွေကို အသံချဲ့စက်တွေနဲ့လှည့်လည် ကြေညာခဲ့တာဖြစ်ပါတယ်။
မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီက မိုးလေဝသ သတိပေးချက်တွေ နဲ့ ချောင်းရေစိုးရိမ်ရေမှတ်အခြေအနေကို စောင့်ကြည့်နေပြီး လိုအပ်တဲ့အခါ သတ်မှတ်ထားတဲ့နေရာတွေ ကို ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။
လတ်တလောမှာ ဒေသခံတွေကို ရွှေ့ပြောင်းရမယ့်အခြေအနေမရှိသေးပေမယ့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ နဲ့ ဆွေးနွေးပြီး ရပ်ကွက်ကျေးရွာတွေက တင်ပြလာတဲ့အခြေအနေပေါ်မူတည်ကာ ကြိုတင်ပြင်ရေးလုပ် ငန်းတွေ ဆောင်ရွက်မှာဖြစ်သလို လိုအပ်ရင် ကွပ်ကဲရေးရုံးဖွင့်လှစ်မှာဖြစ်တယ်လို့လည်း သံတွဲမြို့နယ်အုပ်ချုပ်ရေး မှူး က ပြောပါတယ်။
လက်ရှိ သံတွဲမြို့ပေါ်ရပ်ကွက်အချို့မှာ ရေဝင်ရောက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။