ရခိုင်သယံဇာတတွေကို စီမံခန့်ခွဲခွင့်ရရှိဖို့ ဆန္ဒပြတောင်းဆို


2018.11.27
rakhine-treasure-622.jpg ရခိုင့်သယံဇာတ လူထုချီတက်ပွဲ ၂ နှစ်ပြည့်ကို ၂၀၁၈ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျောက်ဖြူမြို့မှာပြုလုပ်ခဲ့စဉ်
Photo: Kyaukpyu Rural Development Association

ရခိုင်ပြည်နယ်ကနေထွက်ရှိတဲ့ သယံဇာတတွေကို ရခိုင်ပြည်သူတွေကိုယ်တိုင် စီမံခွင့်နဲ့ ပိုင်ဆိုင်ခွင့်တွေရရှိဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဦးဆောင်ပြီး ကျောက်ဖြူမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရခိုင့်သယံဇာတနဲ့ပတ်သက်ပြီး လူထုလှုပ်ရှားတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ၂ နှစ်ပြည့် အနေနဲ့ ဒီနေ့ထပ်မံတောင်းဆိုတာဖြစ်တယ်လို့ ကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင်တစ်ဦး ဖြစ်တဲ့ ဦးဇေယျကျော်က ပြောပါတယ်။

ရခိုင့်သယံဇာတဟာ ရခိုင့်အနာဂတ်အတွက်ဖြစ်ရမယ်၊ ရခိုင့်သယံဇာတနဲ့ရခိုင်ပြည်နယ်ကို တိုးတက်စေရမယ်၊ ရခိုင်ပြည်သူလူထုဆန္ဒမပါတဲ့ စီမံကိန်းတွေကို အလိုမရှိ စတဲ့အချက်တွေ ကြွေးကြော်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုက ဒေသခံ တစ်ထောင်ကျော်ပါဝင်ခဲ့ပြီး သယံဇာတနဲ့ပတ်သက်တဲ့ လူထုဟောပြောပွဲတစ်ခုကိုလည်း ဆန္ဒပြပွဲအပြီးမှာပြုလုပ်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။