ရခိုင်မှာ ရက်စက်တဲ့ လုပ်ရပ်တွေ ရပ်ဖို့ အမေရိကန်လွှတ်တော် အမတ်တွေတောင်းဆို

RFA Burmese
2024.06.06
ရခိုင်မှာ ရက်စက်တဲ့ လုပ်ရပ်တွေ ရပ်ဖို့ အမေရိကန်လွှတ်တော် အမတ်တွေတောင်းဆို ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာတာနဲ့ ရိုဟင်ဂျာတွေ အန္တရာယ်ရှိတာကို အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ဇွန် ၆ ရက်နေ့မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင် အထက်လွှတ်တော်အမတ် Jeff Merkley နဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အဖွဲ့ဝင် Gregory W. Meeks တို့ ပူးတွဲ ထုတ်ပြန်တာပါ။

မြန်မာစစ်တပ်နဲ့ ရခိုင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ချက်ချင်းအပစ်ရပ်ဖို့နဲ့ ရက်စက်တဲ့လုပ်ရပ်တွေ ရပ်ဆိုင်းဖို့လည်း တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာထောင်နဲ့ချီ ထွက်ပြေးရအောင် အိမ်တွေကိုမီးရှို့တာနဲ့ မြန်မာစစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့က ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ သတင်းတွေကြောင့် နှုတ်ဆိတ်နေလို့ မရတော့ဘူးလို့ အမေရိကန်လွှတ်တော် အမတ်တွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေကို စစ်တပ်က စစ်မှုမထမ်းမနေရ အဓမ္မစုဆောင်းပြီး နောက်တစ်ကြိမ် အကြမ်းဖက်မှုနဲ့ နေရပ်ရွှေ့ပြောင်းရတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီပေးရေး အဖွဲ့တွေက စိုးရိမ်ထိတ်လန့်ကြတယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။