ဒုက္ခသည်တွေကယ်တင်ရေး အင်တာနက်လိုအပ်ကြောင်း ပညာရှင်တွေထောက်ပြ
နေရိန်ကျော်
2020.06.24
2020.06.24
ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုတဲ့ အွန်လိုင်းဆွေးနွေးပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Wilson Center အဖွဲ့က ကမကထပြုလုပ်ပြီး မနေ့ညက ဆွေးနွေးကြပါတယ်။
ဆွေးနွေးပွဲမှာ ဆီးရီးယားက ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်ရတဲ့အခက်အခဲအကြောင်း အဓိကထား ပြောဆိုမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဒေသတွင်းကိုယ်စားလှယ် Matthew Reynolds ကပြောသွားပါတယ်။
အဲဒီနောက် သူက- ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုင်ငံတကာအကူအညီတွေပေါ်မှာ တည်မှီနေရသလို၊ စခန်းတွေမှာ လူဦးရေပြည့်ကျပ်နေတဲ့အတွက် Social Distancingလို့ခေါ်တဲ့ လူတွေကြား ခပ်ခွာခွာ နေဖို့မဖြစ်နိုင်လို့ ကိုရိုနာဗိုင်းရပ်စ်မကူးအောင် ကာကွယ်ရေးမှာ ခက်ခဲ့တဲ့အကြောင်း၊ ပိုးရှိ-မရှိကိုလည်း လုံလောက်အောင်စစ်ဆေးနိုင်တဲ့ အခြေအနေမရှိတဲ့အကြောင်း၊ အခုဆိုရင် စခန်းထဲမှာ ပိုးကူးစက်ခံရ တဲ့သူ ၄၅ ယောက်ရှိနေပြီး အဲဒီထဲက ၄ ယောက်သေဆုံးရ ပြီလို့ကြားထားတဲ့ အကြောင်းပြောပါတယ်။
ဆွေးနွေးကြတဲ့အထဲမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်တွေရော ရခိုင်ပြည်နယ်ကဒုက္ခသည်တွေ ကိုပါ သတင်းမှန်တွေရပြီး၊ ကပ်ရောဂါကြောင့် အသက်အန္တရာယ်မရောက်အောင် အစိုးရတွေက အင်တာနက်လိုင်းသုံးခွင့်တွေပေးသင့်တယ်လို့ အဓိကထောက်ပြတာတွေ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ငြိမ်းချမ်းရေးနဲ့တရားမျှတရေး-ဗဟို အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Manzoor Harson ကတော့ ဒုက္ခသည်တွေဟာ နိုင်ငံတကာအကူအညီအဓိကလို အပ်နေပေမယ့် တဝက်နီးပါးလောက်က သူတို့ရဲ့ နိုင်ငံခြားရောက်နေတဲ့ ဆွေမျိုးသားချင်းတွေ လှမ်းထောက်ပံ့တာနဲ့ ရပ်တည်နေရတဲ့အကြောင်း၊ ဒုက္ခသည်စခန်းတွေမှာ အမျိုးသမီးကြီးတွေနဲ့ မိန်းကလေးတွေ အကြမ်းဖက်ခံရတာတွေ ပိုတိုးနေသလို၊ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာလည်း သန့်ရှင်းရေးနဲ့ မိလ္လာစနစ်တွေမကောင်းတာကို ပြုပြင်ဖို့လည်း လိုနေသေးတဲ့အကြောင်း၊ ကျန်းမာရေးနဲ့ ကူညီထောက်ပံ့ရေးနဲ့ပတ်သက်လို့လည်း ဒုက္ခသည်တွေကြားမှာ ယုံကြည်မှုပျောက်နေတဲ့အကြောင်း၊ ကျန်းမာရေးအတွက် ဆရာဝန်တွေနဲ့သွားတွေ့မယ်ဆိုရင်လည်း အိမ်ပြန်ရောက်မှာမဟုတ်ဘူးဆိုတဲ့ သတင်းမှားတွေ ကောလဟလတွေနဲ့သာပြည့်နေပြီး၊ ဒီလိုဖြစ်နေတာကို ပြုပြင်ဖို့လိုတဲ့အကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးမှောင်ခိုမှုတွေ ထိန်းချုပ်ဖို့ ဆိုပြီး သူတို့ကို 4G အင်တာနက်သုံးခွင့် ပိတ်ထားတဲ့အတွက်လည်း သတင်းမှန်ရဖို့ ခက်နေတဲ့အကြောင်း၊ စစ်ပွဲတွေဖြစ်နေတဲ့ရခိုင်ပြည်နယ်မှာလည်း အလားတူ အင်တာနက် ပိတ်ထားလို့ ဒုက္ခသည်တွေအတွက် သတင်းမှန်မရကြတဲ့အကြောင်း၊ ဒါကြောင့် ဒုက္ခသည်တွေရဲ့ အသက်ကယ်ဖို့ဆိုရင် အင်တာနက် သုံးခွင့်ပေးရမှာဖြစ်တဲ့အကြောင်း ဆွေးနွေးသွားပါတယ်။
ဒုက္ခသည်တွေဟာ နိုင်ငံတကာအကူအညီကိုအားထားရတဲ့အတွက် WHO လို ဦးဆောင်ကူညီနေတဲ့အဖွဲ့က ထိထိရောက်ရောက်ကူညီဖို့၊ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းကိုလဲ Manzoor Harson ကထည့်သွင်းပြောဆိုပါတယ်။
UNHCR ရဲ့ ဒေသတွင်းကိုယ်စားလှယ် Matthew Reynolds ကလည်း သူတို့အဖွဲ့တွေအနေနဲ့ အတတ်နိုင်ဆုံး နိုင်ငံတကာအလှူရှင်တွေနဲ့ ဆက်သွယ်ပြီး ဒုက္ခသည်တွေ အဓိကလိုအပ်ချက်ကို ဆက်လက်ဖြည့်ဆည်းနေပါလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။