ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး လူ ၂ သောင်းခန့် ရွှေ့ပြောင်းခံရဖွယ်

တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်မယ့် စီမံကိန်းမှာ ဒေသခံ လူဦးရေ တသောင်း ရွှေ့ပြောင်းပေးရမှာ ဖြစ်တယ်လို့ ရေနက်ဆိပ်ကမ်း တာဝန်ယူ ဆောက်လုပ်မဲ့ ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီက ဒီကနေ့ ဇွန်လ ၉ ရက်မှာ ထုတ်ဖော် ပြောထားပေမဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီအရေအတွက်ထက် ၂ ဆလောက် များနိုင်တယ်လို့ ပြောနေပါတယ်။

2011.06.09
taninsari_div_305_z.jpg တနင်္သာရီတိုင်း မြေပုံ ဖြစ်ပါသည်။
(Map: RFA)

ထားဝယ်ရေနက်ဆိပ်ကမ်းဟာ မောင်းမကန် အပန်းဖြေစခန်း မြောက်ပိုင်းကနေ ကန်ပေါက် တောင်ပိုင်း တလျှောက်မှာ ရှိတဲ့ ကျေးရွာပေါင်း ၁၉ ရွာ ရွှေ့ပြောင်းပေးရမယ် ဆိုတာ သေချာနေပြီ ဖြစ်ကြောင်း မွန် အလုပ်သမားအဖွဲ့တခုရဲ့ တာဝန်ခံတဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ မောင်းမကန် ဆိပ်ကမ်းပေါ့၊ ဆိပ်ကမ်းဆိုတာ ဒီ ပင်လယ် အပန်းဖြေတဲ့နေရာပေါ့ဗျာ၊ အဲဒီကနေ ဒီ မြောက်ပိုင်းကနေပြီးတော့ တောင်ပိုင်းရဲ့ တောင်ပိုင်းပေါ့ဗျာ၊ အဲဒီ ကမ်းခြေတလျှောက်မှာ ရွာ ၁၉ ရွာ ရှိတယ်။ အဲဒီ ရွာ ၁၉ ရွာကတော့ အားလုံး စုစုပေါင်းလိုက်လို့ ရှိရင် အိမ်ခြေ ၃,၀၀၀ လောက်တော့ ရှိတယ်။ မြေဧကအနေနဲ့ ပြောလို့ရှိရင် တသိန်းလောက်တော့ ရှိမယ်။

ထားဝယ် ရေနက်ဆိပ်ကမ်းကို တာဝန်ယူထားတဲ့ အီတလီ-ထိုင်း (Italian-Thai) စီးပွားရေးအုပ်စုကြီးရဲ့ အဆိုအရ ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ အကျယ်အဝန်းဟာ မိုင် ၁၀၀ ပတ်လည် ရှိမှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ရှစ်ထောင် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ရေနက်ဆိပ်ကမ်း အစီအစဉ်မှာပါတဲ့ စက်ရုံတွေကတော့ သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ရေနံသန့်စင်စက်ရုံတွေ နဲ့ ကျောက်မီးသွေး ဓာတ်အားထုတ် စက်ရုံတွေ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။