သူရ ဦးရွှေမန်း ဖယ်ရှားမှု တပ်နဲ့ပါတီအကြား ပိုနီးစပ်(ဦးလှဆွေ)


2015.08.17
hlaswe-620.jpg ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ကိုတွေ့ရစဉ်
Photo: RFA

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌတာဝန်ကနေ ဖယ်ရှားလိုက်တဲ့အတွက် အရင်က တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီအကြား ဝေးနေတာကနေ အခု ပိုနီးစပ်သွားစေတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဦးလှဆွေက သူရဦးရွှေမန်းကို ပါတီတာဝန်ကနေ ဖယ်ရှားလိုက်တာဟာ ဖြစ်သင့်ကြောင်း  ပြောပါတယ်။

"အခုလို ဒုတိယဥက္ကဌ နောက်တစ်ယောက်ကို အစားထိုး တာဝန်ပေးအပ်လိုက်တာဟာ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပိုနီးစပ်သွားစေတဲ့ အခြေအနေဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲ့ဆိုတော့ အရင်တုန်းကတော့ ကြံ့ခိုင်ရေးနဲ့ တပ်မတော်နဲ့လည်းကွဲပြီ ၊အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကွဲနေတယ်ဆိုတဲ့ အနေ အထားကနေမှ အခုပြန်ပြီးတော့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးနဲ့ ပြန်အစေးကပ်သွားအောင် ပြန်ပုံဖော်လိုက်တဲ့ အခြေအနေဖြစ်တယ် အဲ့ဒါလည်းဖြစ်သင့်တယ်"

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ တပ်မတော်ရဲ့ ထောက်ခံမှုဟာ အရေးကြီးကြောင်းနဲ့ အခုလို ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်အကြား ပိုနီးစပ်တာဟာ လိုအပ်ကြောင်းပြောပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ တို့ကို ပါတီဗဟိုကော်မတီကနေ ပါတီဝင်အဖြစ် တာဝန်တွေ လျှော့ချလိုက်ကြောင်းလည်း အတည်ပြုပြောဆိုပါတယ်။

မနက်ဖြန် လွှတ်တော်အစည်းအဝေးတွေ ပြန်လည်စတင်မှာဖြစ်ပြီး လွှတ်တော်အစည်းအဝေးတွေကို ရက်ပိုင်းလောက်ပဲ ကျင်းပသွားမယ်လို့ ပြောပါတယ်။

ပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။