လူကုန်ကူးခံရသူ မြန်မာ ၂၇ ဦးကို မလေးရှားရဲတပ်ဖွဲ့ ကယ်တင်


2016.07.20

မလေးရှားနိုင်ငံမှာ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၂၇ ယောက်ကို ကယ်တင်လိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့ က ပြောပါတယ်။

အဲ့ဒီ ၂၇ ယောက်ထဲမှာ ကလေး နှစ်ယောက်ပါဝင်တယ်လို့ သိရပါတယ်။

အင်္ဂါနေ့ည ၁၁ နာရီကနေ ဗုဒ္ဓဟူးနေ့မနက် ၁၁ နာရီအထိ မလေးရှားနဲ့ ထိုင်းနယ်စပ်မှာ စစ်ဆင်ရေးအဖြစ်နဲ့ ရှာဖွေစစ်ဆေးခဲ့ရာမှာ အိမ်တစ်အိမ်အတွင်းမှာ လူမှောင်ခိုကူးခံရသူတွေလို့ ယူဆရသူ ၂၇ ယောက်ကို တွေ့ရှိခဲ့ ရကြောင်း၊ အားလုံး မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး၊ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၂ ဦး ပါဝင်ကြောင်း ရဲက ပြောပါတယ်။ အားလုံး အသက် ၃ နှစ်ကနေ ၅၅ နှစ်အထိ ပါဝင်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။