လစ်ဗျားဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြန်မာ စစ်အစိုးရကို သတိပေးရာရောက်

လစ်ဗျားနိုင်ငံမှာ အာဏာရှင် သမတ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ဖိနှိပ် သတ်ဖြတ်မှုအောက်က ပြည်သူတွေရဲ့ ဘဝကို ကယ်တင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပြီး နိုင်ငံတကာက စစ်ရေးအရ အခုလို ဝင်ရောက် အရေးယူ ဆောင်ရွက်နိုင်မှုဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ မြန်မာနိုင်ငံ အပါအဝင် တခြား အာဏာရှင် နိုင်ငံတွေအတွက်လည်း ဆိတ်ကွယ်ရာ မရှိတော့ဘူးဆိုတာ သတိပေးလိုက်တာပဲလို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

2011.03.21
libya_kadhafi_air_strike_305_z.png ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့များ လေကြောင်းမှ တိုက်ခိုက်သည့် ဒုံးကျည်ထိမှန်ကာ မတ်လ ၂၀ ရက်က လစ်ဗျားခေါင်းဆောင် မိုအာမာ ကဒါဖီ၏ နေအိမ်ဝင်းအတွင်းရှိ အုပ်ချုပ်ရေး အဆောက်အအုံ လုံးဝ ပြိုပျက်သွားပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

လစ်ဗျားအာဏာရှင်ကို နိုင်ငံတကာက စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် အားတက်စရာ ဖြစ်လာကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရအပေါ် R2P (Responsibility to Protect) စနစ်နဲ့ အရေးယူ ဆောင်ရွက်နိုင်ဖို့ အတွက်လည်း လမ်းကြောင်း ပွင့်သွားပြီလို့ ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက ရှုမြင်ကြပါတယ်။

 ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

လေ့လာတင်ပြချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-03-21 16:02

BUT BURMA HAS NO OIL LIKE LYBIA DOES!

Anonymous
2011-03-21 06:33

စပီကာပံုက အသံမလာဘူးခင္ဗ်