ပို့ကုန်တန်ဖိုး တိုးတက်ပေမယ့် ဆန်တင်ပို့မှု ကျဆင်း
2018.08.01
မြန်မာနိုင်ငံရဲ့ ပင်လယ်ရပ်ခြားပို့ကုန် ပမာဏဟာ အရင်နှစ် အလားတူကာလနဲ့ နိုင်းစာရင် အမေရိကန် ဒေါ်လာ သန်း တထောင်ကျော် ပိုမိုများပြားခဲ့ကြေင်း တပြိုင်နက်မှာပဲ ဆန်စပါး တင်ပို့ရောင်းချမှုကတော့ တန်ချိန် ၅၅ဝဝဝ ခန့် လျှော့နည်းကျဆင်းခဲ့ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရာရှိတဦးက ပြောဆိုတယ်လို့ မြန်မာတိုင်းမ်သတင်းဌာနက ဇူလိုင် ၃၁ ရက်နေ့ မနေ့က ဖေါ်ပြလိုက်ပါတယ်။
အခုနှစ် ဇူလိုင်လ တတိယပတ်အထိ ပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၈.၄ ဘီလီယံရှိပြီး မနှစ်က အလားတူကာလအထိ ပို့ကုန်တန်ဖိုးထက် ဒေါ်လာ ၁.၂ ဘီလီယံပိုများတယ်လို့ ဆိုပါတယ်။ တပြိုင်နက်မှာ အခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့အထိ နိုင်ငံခြားကို တင်ပို့ရောင်းချခဲ့တဲ့ ဆန်စပါးတန်ချိန် ၃၂၉ဝဝဝ နီးပါးရှိပေမယ့် အရင်နှစ် အလားတူကာလကဆိုရင် ဆန် တန်ချိန် ၃၈ဝဝဝဝ ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။