ပြည်ပဆန်တင်ပို့မှု တိုးတက်


2015.04.21
laborers_rice_305_z.jpg ကုန်ကားပေါ်သို့ ဆန်အိတ်များ တင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။
(Photo: AFP)

၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ ရဲ့ ပြည်ပကို ဆန်တင်ပို့မှု ပမာဏဟာ တန်ချိန် နှစ်သန်း နီးပါးရှိခဲ့လို့၊ ၄၀ ရာနှုန်းမြင့်တက်ခဲ့တယ်လို့ မြန်မာ နိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောဆိုကြောင်း တရုတ်ဆင်ဝှာသတင်း က ဖေါ်ပြပါတယ်။

မြန်မာ့ဆန် အများဆုံးတင်ပို့ခဲ့တာဟာ တရုတ်ပြည် ကိုဖြစ်ပြီး၊ တန်ချိန် ၁.၁ သန်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ကတော့ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ ဆန်တင်ပို့မှု ပမာဏတန်ချိန် ၁.၇ သန်းရှိခဲ့ပြီး၊ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၅ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်၊ ဂျပန် နဲ့ တခြားအာရှ၊ ဥရောပ၊ အာဖရိကနိုင်ငံတွေ၊ စုစုပေါင်း ၆၄ နိုင်ငံကိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၀ပြည့်နှစ်မှာ မြန်မာ့ဆန်တင်ပို့မှု ပမာဏတန်ချိန် ၄ သန်းအထိ ရောက်ရှိဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။