စစ်ကြောရေးမှာ စိတ်ကြွဆေးသုံးမှုများ စုံစမ်းရေး အာရှ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
2011.01.25

ဒီကိစ္စနဲ့ ပတ်သက်လို့ AHRC အဖွဲ့က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလို ပြောပါတယ်။
“နိုင်ငံရေးမှုတွေနဲ့ အဖမ်းခံရတဲ့ သန်းမြင့်အောင်တို့၊ ကိုညီညီထွန်းတို့ အဲဒီလို လူတွေကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက စစ်ကြော မေးမြန်းတဲ့အခါမှာ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေကို တိုက်ကျွေးပြီးတော့မှ စစ်ဆေး မေးမြန်းတယ်လို့ ကျွန်တော်တို့ သိရတယ်။ တချို့ဆိုလို့ရှိရင် ဒီ တရားရုံးမှာ စစ်ဆေးခံနေတဲ့အချိန်မှာပဲ ဆေးဝါးတွေရဲ့ အရှိန်ကြောင့် ဆက်လက်ပြီးတော့ တရားစစ်ဆေး မစီရင်ပဲနဲ့ တရားခွင်ကို ရပ်လိုက်ရတဲ့ အခြေအနေထိ ဖြစ်တာကို ကျွန်တော်တို့ သိရတယ်။”
“ဒါတွေကို ICRC လို့ခေါ်တဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဝင်ရောက် စစ်ဆေး မေးမြန်းပေးဖို့ ခွင့်ပြုသင့်တယ်၊ နောက်ပြီးတော့ လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ဆေးကုသမှု ပေးသင့်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ဒီနေ့ ထုတ်ပြန် ကြေညာရခြင်း ဖြစ်ပါတယ်။”
AHRC ထုတ်ပြန်ချက် မိတ္တူကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အခြား နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကိုလည်း ပေးပို့ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အဖွဲ့တွေ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စစ်အစိုးရ အာဏာပိုင်တွေကို ဆက်သွယ် မေးမြန်း ဆောင်ရွက်ဖို့ကိုလည်း အဲဒီပန်ကြားချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။