ရိုဟင်ဂျာတွေ သေဆုံးမှု AA ကနဦး စစ်ဆေးဆန်းစစ်ချက် ထုတ်ပြန်

RFA Burmese
2024.08.21
ရိုဟင်ဂျာတွေ သေဆုံးမှု AA ကနဦး စစ်ဆေးဆန်းစစ်ချက် ထုတ်ပြန် မောင်တောမြို့နယ် နတ်မြစ်အနီး သေဆုံးသွားသည့် ရုပ်အလောင်းများအနီးတွင် ရိုဟင်ဂျာအမျိုးသမီးအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမှာ ဒီနှစ် သြဂုတ် ၅ ရက်က တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေဟာ အချက်အလက်တွေ ကွဲလွဲနေတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်တဲ့ ကနဦး အချက်အလက် စစ်ဆေးခြင်းနဲ့ ဖြစ်ရပ်ပေါ် ဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။

အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က အထောက်အထားမရှိဘဲ အိန္ဒိယလုပ်ဒရုန်းနဲ့ AA က ပစ်ခတ်တယ်လို့ ပထမဆုံး စွပ်စွဲပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း AA က ဒရုန်းသုံး တိုက်ခိုက်တယ်လို့ ပြောပါတယ်။ သက်သေ မခိုင်မာဘဲ AA ကို စွပ်စွဲတာဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေ ဖြစ်တယ်လို့ အသက်ရှင်ကျန်သူတချို့ကပြောကြောင်း AA ရဲ့ ဆန်းစစ်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

မြေပြင်မှာ အခင်းဖြစ်ပွားတဲ့နေ့က တာဝန်ကျတဲ့ သူ့တပ်ဖွဲ့ဝင်တွေကို AA ကမေးမြန်းတဲ့အခါ ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေ၊ လက်နက်ကြီးတွေ မသုံးတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်က AA သုံးတဲ့လက်နက်တွေကို တားဆီးနိုင်တဲ့အကြောင်းပြောတယ်လို့ ဖော်ပြပါတယ်။

နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာ မိသားစုတွေကို ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် လူရာနဲ့ချီသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး AA က တုံ့ပြန်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။